တံတားဦးမြို့နယ်၌ ဧရာဝတီမြစ် သဘာဝရေလျှံကွင်းအတွင်း ငါးမျိုးစိုက်ထည့်



တံတားဦး ဩဂုတ် ၂၀


ကျောက်ဆည်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ  ၂၀၂၂-၂၀၂၃ လုပ်ငန်းရာသီအတွက် ဧရာဝတီမြစ် သဘာဝရေလျှံကွင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့ နံနက် ၉ နာရီက တံတားဦးမြို့နယ် ငါးရာပြား ကျေးရွာအနီးတွင် ကျင်းပသည်။


ထိုသို့ ငါးမျိုးစိုက်ထည့်ရာသို့ ကျောက်ဆည်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေမှူး ဒေါ်ခိုင်ခိုင်ဝင်းနှင့် တာဝန်ရှိသူများက ဧရာဝတီမြစ် သဘာဝရေလျှံကွင်းအတွင်းသို့ ငါးခုံးမကြီး သားပေါက်ကောင် (၂)သိန်း၊ ငါးမြစ်ချင်း ငါးသားပေါက်ကောင် (၄)သိန်း စုစုပေါင်း ငါးသားပေါက်ရေ (၆)သိန်းတို့အား စိုက်ထည့်ပေးကြသည်။


၂၀၂၂-၂၀၂၃ လုပ်ငန်းရာသီအတွက် ဧရာဝတီမြစ် သဘာဝရေလျှံကွင်းအတွင်း သားငါးကဏ္ဍဖွံ့ဖြိုးတိုးရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးမှုတွင် အထောက်အကူဖြစ်စေရေးနှင့် ဒေသတွင်း ငါးသယံဇာတများ ပေါလာစေရေးတိုကို ရည်ရွယ်၍ ယခုလိုငါးမျိုးစိုက်ထည့်ခြင်းဖြစ်ကြောင်း ကျောက်ဆည်ခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှ  လက်ထောက်ညွှန်ကြားရေမှူး ဒေါ်ခိုင်ခိုင်ဝင်း၏  ပြောကြားချက်အရ သိရသည် ။

ရဲတင့်(ပြန်/ဆက်)

No comments

Powered by Blogger.