မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၀၇၁ ဦး ထပ်မံတွေ့ရှိ




ဩဂုတ် ၁၉


မလေးရှားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၀၇၁ ဦး ထပ်မံတွေ့ရှိပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၄၇၄၉၀၀၀ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားသည်။


အဆိုပါရောဂါကူးစက်ခံရမှုတွင် ပြည်တွင်းကူးစက်မှု ၄၀၆၉ ဦးရှိပြီး ပြည်ပကူးစက်မှု နှစ်ဦးဖြစ်သည်ဟု ထိုဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။


ထိုရောဂါကူးစက်ခံရမှုကြောင့် ခုနစ်ဦးထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၃၆၁၂၄ ဦး ရှိလာသည်။


ကိုဗစ်ရောဂါကူးစက်ခံရသူများအနက် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၆၇၀၄၀၀ ရှိသည်။


နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၄၂၄၇၆ ဦးရှိပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူ ၈၁ ဦးရှိသည်။


နိုင်ငံအတွင်း ကိုဗစ်ရောဂါကာကွယ်ဆေးအနည်းဆုံးတစ်ကြိမ်ထိုးနှံပြီးသူ ၈၆ ရာခိုင်နှုန်း၊ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးသူ ၈၄ ဒသမ ၁ ရာခိုင်နှုန်း၊ ကာကွယ်ဆေးအပိုဆောင်းတစ်ကြိမ်ထိုးနှံပြီးသူ ၄၉ ဒသမ ၆ ရာခိုင်နှုန်းနှင့် ကာကွယ်ဆေးအပိုဆောင်းနှစ်ကြိမ်ထိုးနှံပြီးသူ ၁ ဒသမ ၃ ရာခိုင်နှုန်းရှိသည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.