တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၁၂၉၀၁ ဦး ထပ်မံတွေ့ရှိ

 



ဩဂုတ် ၅


တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၁၂၉၀၁ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၂၀၂၇၃၀၁၁ ဦးအထိ မြင့်တက်လာကြောင်း ကျန်းမာရေးအာဏာပိုင်များက ယနေ့တွင် ပြောကြားသည်။


ပြီးခဲ့သည့်နေ့က ကိုဗစ်ရောဂါကူးစက်ခံရသူ ၁၀၇၈၉၄ ဦး တွေ့ရှိခဲ့ရာ ကူးစက်မှုအရေအတွက် မြင့်တက်လာခြင်း ဖြစ်ပြီး သီတင်းပတ်အစောပိုင်းက ရောဂါကူးစက်မှု ၈၅၂၉၈ ဦးထက် ပိုမိုမြင့်မားလာသည်။


ပြီးခဲ့သည့်သီတင်းပတ်က ကိုဗစ်ရောဂါပျမ်းမျှနေ့စဉ်ကူးစက်မှု ၉၃၂၃၆ ဦးရှိကြောင်း အတည်ပြုထုတ်ပြန်ထားသည်။


အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် ၄၉၇ ဦးသည် ပြည်ပကူးစက်မှုဖြစ်သည်။ နိုင်ငံအတွင်း ပြည်ပကူးစက်မှုပေါင်း ၉၃၂၃၆ ဦးအထိ ရှိလာသည်။


နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် လေးဆယ့်ခုနစ်ဦးထပ်မံသေဆုံးခဲ့ရာ သေဆုံးသူပေါင်း ၂၅၁၉၁ ဦး ရှိလာသည်။ 


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.