ချောက်မြို့နယ်ပြည်သူများအား သင့်တင့်သောစျေးနှုန်းဖြင့် စားအုံးဆီများရောင်းချပေးလျက်ရှိ
ချောက် ဩဂုတ် ၂
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက ပြည့်ဖြိုးအောင် ကုမ္ပဏီက ရရှိသော ဆီဖြင့် ဆီလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် "ပခုက္ကူသား "ဆန်၊ ဆီ၊ ဆား ရောင်းဝယ်ရေးလုပ်ငန်းမှ ချောက်မြို့နယ် ဒေသခံပြည်သူများအတွက် စားအုံးဆီ တစ်ပိဿာ ငွေကျပ် ၆၃၀၀ နှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
"ချောက်မြို့ဒေသခံပြည်သူများကို ဩဂုတ်လ ၂ ရက်နေ့က စတင်ရောင်းချပေးတာပါ။ စရောင်းချတဲ့နေ့မှာ မြို့ခံ ပြည်သူရော၊ ရွာက စျေးဝယ်သူတွေပါ စားအုံးဆီကို သင့်တင့်သောစျေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်အောင် လူတစ်ဦးကို စားအုံးဆီ ၁ ပိဿာနှုန်း ရောင်းချပေးလျက်ရှိပါတယ် "ဟု ဆီလုပ်ငန်းရှင် တစ်ဦးဖြစ်သည့် "ပခုက္ကူသား ဆန်၊ ဆီ၊ ဆား ရောင်းဝယ်ရေး" လုပ်ငန်းရှင်က ပြောကြားသည်။
ယနေ့နံနက်ပိုင်းတွင် စားအုံးဆီ(၇)ပီပါ၊ ဆီ ပိဿာ ၇၇၀ ရောင်းချပြီးဖြစ်ကြောင်း၊ စားအုံးဆီတစ်ပီပါလျှင် ဆီ ၁၁၀ ပိဿာပါရှိပြီး (၄) ရက်အတွင်း စားအုံးဆီ ပီပါ ၅၀ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)
No comments