အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ ၁၃၇၃၄ ဦး ထပ်မံတွေ့ရှိ

 



ဩဂုတ် ၂


အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၃၇၃၄ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၄၄၀၅၀၀၀၉ ဦးရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ယနေ့မနက် ထုတ်ပြန်ချက်အရ သိရသည်။


ယမန်နေ့က ကိုဗစ်ရောဂါကူးစက်ခံရသူဦးရေ ၁၆၄၆၄ ဦးရှိရာမှ ကူးစက်မှုလျော့နည်းလာကြောင်း ယနေ့တွင် ဖော်ပြထားသည်။


အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ၃၄ ဦး သေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၅၂၆၄၃၀ အထိရှိလာသည်ဟု ထိုဝန်ကြီးဌာနကပြောကြားသည်။


နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားဆဲလူနာ ၁၃၉၇၉၂ ဦးရှိသည်။


ကိုဗစ်ရောဂါကူးစက်ခံရသူများအနက် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၃၃၈၃၇၈၇ ဦးရှိသည်ဟု ထိုဝန်ကြီးဌာနကဆိုသည်။


ထိုဝန်ကြီးဌာန၏ပြောကြားချက်အရ နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါကာကွယ်ဆေးအလုံးရေ နှစ်ဘီလီယံကျော် ထိုးနှံပြီးဖြစ်သည်ဟု သိရသည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.