ကသာမြို့၌ ဒေသခံပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ
ကသာ ဩဂုတ် ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ အသစ်ထပ်မံရောက်ရှိလာသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသူများနှင့် ပထမအကြိမ် ထိုးနှံပြီးသူများအား ယနေ့ နံနက် ၈ နာရီမှစ၍ ကသာမြို့တော်ခန်းမတွင် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ကသာမြို့နယ်၌ ဩဂုတ် ၃ ရက်နေ့အထိ Covid Shield ကာကွယ်ဆေးကို လူဦးရေ (၃၀၆၆၁) ဦး၊ Sinopharm ကာကွယ်ဆေးကို လူဦးရေ(၂၄၄၅၄)ဦး၊ Covaxin ကာကွယ်ဆေးကို လူဦးရေ (၄၀၅၀)ဦးနှင့် Sinovac ကာကွယ်ဆေးကို ကျောင်းသား ကျောင်းသူ(၂၀၀၀)ဦး၊ စုစုပေါင်း (၆၁၁၆၅) ဦးတို့ကို ပထမအကြိမ် ကာကွယ်ဆေးထိုးနှံနိုင်ခဲ့ပြီး ဒုတိယအကြိမ်အထိ ကာကွယ်ဆေး ထိုးနှံပြီးစီးမှု (၄၁၆၆၉)ဦးဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ သိရသည်။
ကသာမြို့နယ်၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနှိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများနှင့် ဆေးထိုးနေရာများတိုးချဲ့ကာ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို အုပ်စုများအလိုက် နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်စွာ(ကသာ)
No comments