ပါကစ္စတန်နိုင်ငံ၌ မုတ်သုံမိုးရွာသွန်းမှုကြောင့် သေဆုံးသူ ၁၆၂ ဦး ရှိလာ



ဩဂုတ် ၄

 

ပါကစ္စတန်နိုင်ငံအနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ်တွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကယ်ဆယ်ရေးအဖွဲ့က လူသေအလောင်း ၁၅ လောင်းကို ရှာဖွေတွေ့ရှိခဲ့ရာ ဇွန်လလယ်ပိုင်းမှစတင်ကာ မုတ်သုံမိုးများ သည်းထန်စွာရွာသွန်းမှုကြောင့် သေဆုံးသူ ၁၆၂ ဦးအထိ ရှိလာကြောင်း ပြည်နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင်များ ( ပီဒီအမ်အေ ) က ယမန်နေ့က ပြောကြားသည်။အဆိုပါသေဆုံးသူများတွင် ကလေးငယ် ၅၄ ဦး၊ အမျိုးသမီး ၄၃ ဦးနှင့် အမျိုးသား ၆၅ တို့ပါဝင်သည်ဟု အင်န်ဒီအမ်အေက ဆိုသည်။

ရေဘေးသင့်ဒဏ် အများဆုံးခံရသောဒေသများမသောင်တင်နေသော လူထောင်ပေါင်းများစွာတို့အား ဘေးကင်းရာနေရာများသို့ ရွှေ့ပြောင်းထားပြီးဖြစ်သည်ဟု သိရသည်။ နိုင်ငံအတွင်းတွင် ဘာလိုချီစတန်ပြည်နယ်သည် ရေကြီးရေလျှံမှုဒဏ် အဆိုးရွားဆုံးခံရသော ဒေသဖြစ်သည်။ ဇွန်လလယ်ပိုင်းတွင် မုတ်သုံမိုး ပထမဆုံးရွာသွန်းပြီးနောက်ပိုင်း လမ်းမတစ်လျောက် ကီလိုမီတာ ၆၇၀ နီးပါး ရေလွှမ်းမိုးခံရပြီး နေအိမ်အလုံးပေါင်း ၁၄၀၀၀ နီးပါး ပျက်စီးခဲ့ကြောင်း ပြည်နယ်သဘာဝဘေး စီမံခန့်ခွဲရေး အာဏာပိုင်များက ပြောကြားသည်။



ထိုပြည်နယ်အတွင်း ကြီးမားသော ဆုံးရှုံးမှုများကြောင့် ပြည်နယ်ဝန်ကြီးချုပ် ရှာဘတ်ရှာရစ်က ရေကြီးရေလျှံမှု ဖြစ်ပွားရာ ဒေသများရှိ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ချက်များကို အချိန်နှင့်တပြေးညီ စောင့်ကြည့်တင်ပြသွားရန် ယမန်နေ့က ညွှန်ကြားထားသည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.