ထိုင်းနိုင်ငံ၌ နိုက်ကလပ်မီးလောင်မှုကြောင့် လူ ၁၃ ဦး ထက်မနည်းသေဆုံး

 



ဩဂုတ် ၅


ထိုင်းနိုင်ငံချွန်ဘာရီပြည်နယ်ရှိ နိုက်ကလပ်တစ်ခုတွင် ယနေ့မနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားသဖြင့် လူ ၁၃ ဦးထက်မနည်းသေဆုံးခဲ့ပြီး လူအများအပြားဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့က ပြောကြားသည်။


အဆိုပါမီးလောင်ကျွမ်းမှုသည် မနက်စော ၁ နာရီခန့်တွင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရသူအားလုံးကို ကယ်ဆယ်ကာဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဝစ်ဆာရတ်ပတ်ချာရတ်က ဆိုသည်။


ထိုမီးလောင်မှုကြောင့် သေဆုံးသူများတွင် အမျိုးသမီးလေးဦးနှင့် အမျိုးသားကိုးဦးတို့ပါဝင်ပြီး ၎င်းတို့အားလုံးသည် ထိုင်းလူမျိုးများဖြစ်ကြောင်း ဝစ်ဆာရတ်ကပြောကြားသည်။


ကယ်ဆယ်ရေးအဖွဲ့က ဒဏ်ရာရရှိသူ ၁၈ ဦးကို ဒေသန္တရဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ဒဏ်ရာရသူများအနက် သုံးဦးမှာ စိုးရိမ်ရသည်ဟု ၎င်းကဆိုသည်။


ထိုကလပ်သည် တစ်ထပ်အဆောက်အဦဖြစ်ပြီး ယင်းမီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေဆဲဖြစ်ကြောင်း ၎င်းကပြောကြားသည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.