မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၂၀၄ ဦး ထပ်မံတွေ့ရှိ
ဩဂုတ် ၃
မလေးရှားနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၂၀၄ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၄၆၈၇၄၇၀ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
အဆိုပါရောဂါကူးစက်ခံရသူများအနက် သုံးဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး ၄၂၀၁ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်သည်ဟု ထိုဝန်ကြီးဌာန၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ထိုရောဂါကူးစက်ခံရမှုကြောင့် ရှစ်ဦးသေဆုံးခဲ့ရာ သေဆုံးသူပေါင်း ၃၅၉၈၅ ဦးရှိလာသည်။
ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၆၀၇၂၀၇ ဦး ရှိသည်။
နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားဆဲလူနာ ၄၄၂၇၈ ဦးရှိပြီး ၅၆ ဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူလျက်ရှိသည်။
နိုင်ငံအတွင်း ကိုဗစ်ရောဂါကာကွယ်ဆေးအနည်းဆုံးတစ်ကြိမ်ထိုးနှံပြီးသူ ၈၆ ရာခိုင်နှုန်း၊ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးသူ ၈၄ ဒသမ ၁ ရာခိုင်နှုန်း၊ ကာကွယ်ဆေးအပိုဆောင်းတစ်ကြိမ်ထိုးနှံပြီးသူ ၄၉ ဒသမ ၆ ရာခိုင်နှုန်းနှင့် ကာကွယ်ဆေးအပိုဆောင်းနှစ်ကြိမ်ထိုးနှံပြီးသူ ၁ ဒသမ ၁ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments