နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း Internatoinal Army Games – 2022 ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်
နေပြည်တော် ဩဂုတ် ၂၈
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌
ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊
ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင် သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည်
ဩဂုတ် ၂၇ ရက် ဒေသစံတော်ချိန် ညနေပိုင်းတွင်
ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ Convention Center
တွင် ကျင်းပပြုလုပ်သည့် Internatoinal Army Games – 2022 ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားသို့
တက်ရောက်သည်။
ဦးစွာ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊
ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည်
တက်ရောက်လာကြသူများနှင့်အတူ Alabino လေ့ကျင့်ရေးကွင်းရှိ
House of Friendship ပြခန်း များကို လှည့်လည်ကြည့်ရှုလေ့လာကြသည်။
ကြည့်ရှုအားပေး
ထို့နောက် တက်ရောက်လာကြသူများနှင့် အတူ တင့်ကားမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ
Tank Biathlon (Division – 1) ဗိုလ်လုပွဲ ပွဲစဉ်အဖြစ်
တရုတ်နိုင်ငံ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘီလာရုစ်နိုင်ငံနှင့် ဥဇဘက်ကစ္စတန်နိုင်ငံတို့မှ ပြိုင်ပွဲဝင် အသင်းများ၏ ယှဉ်ပြိုင်နေမှုများကို
ကြည့်ရှုအားပေးကြသည်။ အဆိုပါပြိုင်ပွဲတွင် ရုရှားနိုင်ငံ တင့်တပ်ဖွဲ့က ၁ နာရီ ၂၉ မိနစ် ၃၆ စက္ကန့်ဖြင့် ပထမဆုကို လည်းကောင်း၊
ဘီလာရုစ်နိုင်ငံ တင့်တပ်ဖွဲ့က ၁ နာရီ ၄၁ မိနစ် ၀၄ စက္ကန့်ဖြင့် ဒုတိယဆုကိုလည်းကောင်း၊
တရုတ်နိုင်ငံ တင့်တပ်ဖွဲ့က ၁ နာရီ ၄၄ မိနစ်
၀၃ စက္ကန့်ဖြင့် တတိယဆုကိုလည်းကောင်း ရရှိခဲ့သည်။
ဆုများပေးအပ်ချီးမြှင့်
ယင်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ
ကာကွယ်ရေးဝန်ကြီးကိုယ်စား တာဝန်ရှိသူတစ်ဦးက ဂုဏ်ပြု ချီးကျူးကြောင်းနှင့် ပြိုင်ပွဲဝင်အသင်းသားများနှင့် ပူးပေါင်းပါဝင် ယှဉ်ပြိုင်နိုင်ရန် စေလွှတ်ပေးသည့် နိုင်ငံများ၏ အကြီးအကဲများအား ကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားသည်။
ဆက်လက်၍ တာဝန်ရှိသူ များက တင့်ကားမောင်းနှင် ပစ်ခတ်ခြင်းပြိုင်ပွဲ Tank
Biathlon (Division – 1) တွင် ဆုရရှိကြသည့် ပြိုင်ပွဲဝင်တင့်အဖွဲ့များအား
ဆုများပေးအပ်ချီးမြှင့်ကြပြီး ရိုးရာယဉ်ကျေးမှုများဖြင့် ဖျော်ဖြေဧည့်ခံ ကြကာ အခမ်းအနားကို ပိတ်သိမ်းခဲ့သည်။
အဆိုပါ
Internatoinal Army Games – 2022 ပြိုင်ပွဲကို
နိုင်ငံပေါင်း ၃၇ နိုင်ငံမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ရုရှားနိုင်ငံအပါအဝင် အိမ်ရှင်အဖြစ်
နိုင်ငံပေါင်း ၁၂ နိုင်ငံ၌ ပြိုင်ပွဲများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မြန်မာ့တပ်မတော်အနေဖြင့်
တင့်ကားစွမ်းရည် ပြိုင်ပွဲ၊ လက်ဖြောင့်သေနတ်ပစ် စွမ်းရည်ပြိုင်ပွဲ၊ ဆေးတပ်ဖွဲ့စွမ်းရည်ပြိုင်ပွဲများအပြင် ဆက်စပ်ပြိုင်ပွဲများဖြစ်သည့်
ရိုးရာယဉ်ကျေးမှုပြိုင်ပွဲ Army of Culture တွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ထိုက်ထိုက်တန်တန်
ဆွတ်ခူးရရှိ
ထိုသို့ ယှဉ်ပြိုင်ခဲ့ရာ မြန်မာ့တပ်မတော် တင့်တပ်ဖွဲ့အနေဖြင့် Tank Biathlon (Tank Crews
Competition) Division-2 ၌ ဆီးရီးယား၊ လာအို၊ အီရန်၊ တာဂျစ်ကစ္စတန်၊ တောင်အာဆက်တီးယား၊ အာခါ့ဇီယာ၊ ဆူဒန်၊ ဇင်ဘာဘွေ၊ အာမေးနီးယားနှင့် မာလီ
နိုင်ငံတို့မှ တင့်တပ်ဖွဲ့ဝင်များနှင့်အတူ မိုင်ကုန် မောင်းနှင်၍ စံချိန်ယူခြင်း၊ ၁၂၅
မမ အမြောက်အား ရပ်လျက်ကျည် ၃ တောင့် ပစ်ခတ်ခြင်း၊
၁၂ ဒသမ ၇ မမ လေယာဉ်ပစ်စက်သေနတ် ကျည် ၁၅ တောင့် ရပ်လျက်ပစ်ခတ်ခြင်း၊ ၇ ဒသမ ၆၂ မမ ယှဉ်တွဲ စက်သေနတ်ကျည် ၁၅ တောင့် ရပ်လျက်ပစ်ခတ် ခြင်းတို့ကို ယှဉ်ပြိုင်ခဲ့ပြီး မြန်မာ့တပ်မတော်တင့် တပ်ဖွဲ့
Crew - 1 အနေဖြင့် ပြိုင်ပွဲဝင်စံချိန် ၂၇ မိနစ် ၄၃ စက္ကန့်ဖြင့် လည်းကောင်း၊ Crew
-2 အနေဖြင့် ပြိုင်ပွဲဝင်စံချိန် ၃၈ မိနစ် ၁၄ စက္ကန့်ဖြင့် လည်းကောင်း၊ Crew – 3 အနေဖြင့်
ပြိုင်ပွဲဝင်စံချိန် မိနစ် ၃၀ ၂၈ စက္ကန့်ဖြင့် လည်းကောင်း၊ စုစုပေါင်း ပြိုင်ပွဲဝင်စံချိန်
၁ နာရီ ၃၆ မိနစ် ၂၅ စက္ကန့် ရရှိခဲ့ပြီး စုစုပေါင်းပစ်မှတ် ၁၅ ခု တွင် ၁၄ ခုကို ထိမှန်ခဲ့ကာ
ပြိုင်ပွဲဝင် ၁၁ သင်း တွင် ပထမဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိ ခဲ့သည်။
ထို့အပြင် မြန်မာ့တပ်မတော် အနေဖြင့် လက်ဖြောင့်သေနတ် ပစ်ခတ်ခြင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင် နိုင်ငံ
၇ နိုင်ငံအနက်အဆင့် ၄ နေရာ၌ လည်းကောင်း၊
ဆေးတပ်ဖွဲ့ စွမ်းရည်ပြိုင်ပွဲတွင် ဇွဲသတ္တိဆုနှင့် အသင်း ၁၆ သင်းအနက်အဆင့် ၄ နေရာ၌ လည်းကောင်း ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ကြသည်။
အလားတူ မြန်မာ့တပ်မတော် ယဉ်ကျေးမှု အဖွဲ့များအနေဖြင့် တီးခတ်မှုပြိုင်ပွဲတွင် ပထမဆု၊
စုံတွဲအဆိုပြိုင်ပွဲ (ရုရှားသီချင်း) တွင်
ပထမဆု၊ အကပြိုင်ပွဲတွင် တတိယဆု၊ တစ်ဦးချင်း အမျိုးသမီး အဆိုပြိုင်ပွဲတွင် ဒုတိယဆု၊
ရိုးရာယဉ်ကျေးမှုကို ထင်ဟပ်ပေါ်လွင်အောင် အကောင်းဆုံး တင်ဆက်ပြသမှုတွင် တတိယဆု၊ Folk National
Instrument တတိယဆု၊ ရိုးရာယဉ်ကျေးမှုပြခန်း
တတိယဆုတို့ကို ဆွတ်ခူးရရှိခဲ့သည့်အပြင် အွန်လိုင်းမှတစ်ဆင့် ပရိသတ်များ၏ မဲပေးရွေးချယ်မှု
(People’s Choice Award) တွင်လည်း ပထမဆုကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။
မြန်မာ့တပ်မတော်
တပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါ Internatoinal Army Games – 2022 ပြိုင်ပွဲ များတွင်
နိုင်ငံတကာစစ်ဘက်အဖွဲ့အစည်းများ၏ ပြိုင်ပွဲယှဉ်ပြိုင်မှု
အတွေ့အကြုံများ၊ နည်းပညာ ဆိုင်ရာ အတွေ့အကြုံများနှင့် ချစ်ကြည်ရင်းနှီးမှု များရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြောင်းနှင့်
လာမည့် နှစ်များတွင်လည်း ဆက်လက်ပါဝင်ယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်



No comments