ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၈၀၃ ဦး ထပ်မံတွေ့ရှိ
မော်စကို အောက်တိုဘာ
၃၀
ရုရှားနိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၈၀၃ ဦး ထပ်မံ တွေ့ရှိခဲ့ခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင်
ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၂၁၄၂၃၇၂၅ ဦး ရှိလာကြောင်း ရုရှားနိုင်ငံ ကိုဗစ်-၁၉
ရောဂါ စောင့်ကြည့်ရေးနှင့် တုံ့ပြန်ရေးစင်တာက အောက်တိုဘာ ၃၀ ရက်တွင် ပြောကြားသည်။
ထို့ပြင် ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉
ရောဂါကြောင့်သေဆုံးသူ ၇၅ ဦး ထပ်မံတွေ့ရှိခဲ့ခြင်းကြောင့် အဆိုပါရောဂါဖြင့် သေဆုံးသူပေါင်း
၃၉၀၁၀၄ ဦး ရှိလာကြောင်းနှင့် လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသူ
၉၀၀၈ ဦး ထပ်တိုးလာခြင်းကြောင့် ပြန်လည် ကျန်းမာလာသူပေါင်း ၂၀၇၉၆၁၂၄ ဦး ရှိလာကြောင်း
ရုရှားနိုင်ငံ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်ရေးနှင့် တုံ့ပြန်ရေးစင်တာက ပြောကြားသည်။
ရုရှားနိုင်ငံ၌ မြို့တော်မော်စကိုသည်
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု အများဆုံးဒေသဖြစ်ပြီး လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉
ရောဂါကူးစက်ခံရသူ ၇၃၀ ထပ်မံတွေ့ရှိခြင်းကြောင့် မြို့တော်မော်စကို၌ ရောဂါကူးစက် ခံရသူပေါင်း
၃၂၃၀၂၈၈ ဦး ရှိလာကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်

No comments