အိန္ဒိယနိုင်ငံ၌ တံတားပြိုကျမှုကြောင့် သေဆုံးသူ ၁၃၂ ဦးရှိလာ
အောက်တိုဘာ ၃၁
အိန္ဒိယနိုင်ငံအနောက်ပိုင်းတွင်
လူကူးကြိုးတံတားတစ်စင်း ပြိုကျမှုဖြစ်ပွားခဲ့ပြီး လူအများအပြား မြစ်အတွင်းသို့ လွင့်စင်ပြုတ်ကျသွားကြောင်း
ဒေသန္တရမီဒီယာက ဖော်ပြထားသည်။
အဆိုပါတံတားပြိုကျမှုကြောင့်
လူပေါင်း ၁၃၂ ဦးသေဆုံးခဲ့သည်ဟု သိရသည်။
ထိုတံတားပြိုကျမှုသည် ဂူဂျာရတ်ပြည်နယ်ရှိ
မိုဘီဒေသတွင် ယမန်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယင်းတံတားကို ပြုပြင်မွမ်းမံပြီးနောက်
လွန်ခဲ့သောရက်ပိုင်းအတွင်းက ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသန္တရမီဒီယာများတွင်
ဖော်ပြထားသည်။
သဘာဝဘေးဖြစ်ပွားနေချိန်မှာပင်
ထိုတံတားပေါ်တွင် ဖြတ်သန်းသွားလာနေသူ များပြားသဖြင့် သေဆုံးသူဦးရေ ထပ်မံများပြားလာနိုင်သည်ဟု
ထပ်လောင်းဖော်ပြထားသည်။
ဝန်ကြီးချုပ်နာရန်ဒရာမိုဒီက
ကျန်ရစ်သူမိသားစုများနှင့် ဒဏ်ရာရရှိသူများအား ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးတို့ကို အစွမ်းကုန်
လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တွစ်တာတွင် ရေးသားဖော်ပြထားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


No comments