တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အားကောင်းသော အပူပိုင်းမုန်တိုင်း “နီးစတ်” (Nesat) သည် တိုင်ဖွန်းမုန်တိုင်း “နီးစတ်”(Nesat) အဖြစ်သို့ အားကောင်းလာနိုင်
၂၀၂၂ ခုနှ
စ်၊ အောက်တိုဘာ ၁၇ ရက် နံနက် ၇နာရီ ထုတ်ပြန်ချက်
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု
ဦးစီးဌာနက ယနေ့ နံနက် ထုတ်ပြန်သည့် မိုးလေဝသ သတင်းအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင်
တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့်
ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေသည်။
ထူးခြားသည့်အခြေအနေမှာ ယနေ့မြန်မာစံတော်ချိန်
(၀၆:၃၀) နာရီ တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အားကောင်းသော
အပူပိုင်းမုန်တိုင်း “နီးစတ်” (Nesat) သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊
တိုင်ဖွန်းမုန်တိုင်း “နီးစတ်”(Nesat) အဖြစ်သို့ အားကောင်းလာနိုင်ကာ၊
အနောက်-အနောက်တောင်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရသည်။
ယနေ့ညနေအထိ
ခန့်မှန်းချက်အနေဖြင့် ရခိုင်ပြည်နယ်တွင် နေရာအနှံ့အပြား၊ မကွေးတိုင်းဒေသကြီးတွင်
နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊
တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် တောင်ပိုင်း) နှင့်
ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်
နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။
မြန်မာ့ပင်လယ်ပြင် မြစ်ဝကျွန်းပေါ်၊
မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်
တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။
မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် (၃၀) မှ (၃၅) မိုင်အထိ
တိုက်ခတ်နိုင်သည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။
လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့်
ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇) ပေမှ (၁၀) ပေခန့်နှင့်
ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄) ပေမှ (၆) ပေခန့်ရှိနိုင်သည်။
နောက်နှစ်ရက်အတွက်
ခန့်မှန်းချက်အနေဖြင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊
မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်
နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်သည်။
နေပြည်တော်နှင့် မန္တလေးမြို့
အနီးတစ်ဝိုက်အတွက် ယနေ့ညနေထိခန့်မှန်းချက်အနေဖြင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။
ရွာရန်ရာနှုန်းပြည့်ဖြစ်သည်။
ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်အတွက်
ယနေ့ညနေထိခန့်မှန်းချက်အနေဖြင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။
ရွာရန်ရာနှုန်း(၈၀) ဖြစ်သည်။
Credit> မိုးဇလ

No comments