အီတလီနိုင်ငံ အပန်းဖြေကျွန်း၌ မြေပြိုမှုဖြစ်ပွားသဖြင့် လူ ခုနစ်ဦးထက်မနည်းသေဆုံး

 



နိုဝင်ဘာ ၂၉


အီတလီနိုင်ငံတောင်ပိုင်း အပန်းဖြေကျွန်း အီချီရာတွင် နိုဝင်ဘာ ၂၆ ရက်က ကြီးမားသောမြေပြိုမှုဖြစ်ပွားခဲ့သဖြင့် လူခုနစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး ငါးဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။


အဆိုပါမြေပြိုမှုသည် ခြောက်နာရီကြာရွာသွန်းခဲ့ရာ  မိုးရေချိန် မီလီမီတာ ၁၂၆ ဖြင့် နှစ်ပေါင်း ၂၀ အတွင်း သည်းထန်စွာရွာသွန်းသောမိုးအဖြစ် စံချိန်တင်ခဲ့သည်။


ထိုမြေပြိုမှုကြောင့် ထိခိုက်ဒဏ်ရာရသေဆုံးသူများတွင် သုံးပတ်သားအရွယ်ကလေးများနှင့် နိုင်ငံခြားခရီးသွားဧည့်များလည်း ပါဝင်သည်ဟု ဒေသန္တရရဲတပ်ဖွဲ့နှင့် အခြားသူများကဆိုသည်။


ရာပေါင်းများစွာသော စေတနာ့ဝန်ထမ်းများသည် ရွှံ့ရှင်းလင်းရေးများလုပ်ဆောင်နေပြီး ပျောက်ဆုံးနေသူများအား ရှာဖွေလျက်ရှိသည်။

အီချီရာကျွန်းသည် လှပသော ကမ်းရိုးတန်းများဖြင့် လူသိများသော ကျွန်းတစ်ကျွန်းဖြစ်သည်။


တူရကီအစိုးရက နိုဝင်ဘာ ၂၇ ရက်က အီချီရာကျွန်းကို အရေးပေါ်အခြေအနေအဖြစ် ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ယူရိုနှစ်သန်းပေးအပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.