ပါကစ္စတန်နိုင်ငံ၌ ယာဉ်မတော်တဆမှုနှစ်ခုဖြစ်ပွားသဖြင့် ၁၁ ဦးသေဆုံး

 


နိုဝင်ဘာ ၂၈

ပါကစ္စတန်နိုင်ငံတွင် ယမန်နေ့က ယာဉ်မတော်တဆမှုနှစ်ခုဖြစ်ပွားသဖြင့် ၁၁ ဦးထက်မနည်းသေဆုံးခဲ့ပြီး အခြားလူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရမီဒီယာကဖော်ပြထားသည်။

နိုင်ငံတောင်ပိုင်း ဆင်းပြည်နယ် လာကန်နာခရိုင်တွင် ကားတစ်စီးနှင့်ထွန်စက်တစ်စီးတို့တိုက်မိပြီး လူငါးဦးသေဆုံးပြီး အခြားနှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ထိုမီဒီယာကဆိုသည်။

အဆိုပါမတော်တဆမှုသည် ခါပါဂျူဆိုဒေသအနီး အဝေးပြေးလမ်းအောက်မှဖြတ်သွားသောလမ်းတွင် မြူဆိုင်းနေချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုမတော်တဆမှုတွင် သေဆုံးသူအားလုံးသည် မိသားစုတစ်စုထဲမှဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူများသည် လာကန်နာဒေသခံများဖြစ်ကြောင်း သတင်းဖော်ပြထားသည်။

ပါကစ္စတန်တို့ထိန်းချုပ်ထားရာ ကတ်ရှ်ရှာမားရှိ နီလမ်တောင်ကြားခရိုင် ရှာဒါဒေသတွင် ဗင်ကားတစ်စီး လျှိုမြောင်အတွင်းသို့ထိုးကျခဲ့ပြီးနောက် ခြောက်ဦးသေဆုံးပြီး အခြားခြောက်ဦးဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က မီဒီယာအားပြောကြားသည်။

ထိုယာဉ်မတော်တဆမှုမှ ဒဏ်ရာရရှိသူအားလုံးကို ဒေသန္တရဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ယင်းဒဏ်ရာရရှိသူများအနက် အချို့မှာ အခြေအနေစိုးရိမ်ရကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.