ကင်မရွန်းနိုင်ငံ၌ မြေပြိုမှုကြောင့် လူ ၁၄ ဦး သေဆုံး



နိုဝင်ဘာ ၂၈

ကင်မရွန်းနိုင်ငံ၏မြို့တော် ယောင်အွန်ဒေးတွင် ယမန်နေ့က ဈာပနပွဲပြုလုပ်နေစဉ်အတွင်း မြေပြိုမှုဖြစ်ပွားသဖြင့် လူ  ၁၄ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ထိုဒေသအုပ်ချုပ်ရေးမှူးက ပြောကြားသည်။

အဆိုပါမြေပြိုမှုသည် ဈာပနအခမ်းအနားပြုလုပ်ရန်တောင်ထိပ်တွင်စုဝေးနေစဉ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်သက်သေများက ဆိုသည်။

ကယ်ဆယ်ရေးသမားများက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း အလယ်ပိုင်းဒေသအုပ်ချုပ်ရေးမှူး နာစီပေါဘီအာက သတင်းထောက်များကိုပြောကြားသည်။

ထိုမြေပြိုမှုဖြစ်ပွားရာနေရာသည် ယောင်အွန်ဒေးအနီး ဒါမတ်‌ဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် အလွန်အန္တရာယ် များသောနေရာဖြစ်ကြောင်း ဘီအာက နိုင်ငံပိုင်ရုပ်သံလွှင့်ဌာနအား ပြောကြားသည်။

ယောင်အွန်ဒေးတွင် မတ်စောက်သောတောင်စောင်းများရှိပြီး အာဖရိကရှိအစိုစွတ်ဆုံးမြို့များအနက် တစ်ခုအပါအဝင် ဖြစ်သည်။

ယခုနှစ်အတွင်း  မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် နိုင်ငံတစ်ဝန်းတွင် ရေကြီးရေလျှံမှုအများအပြားဖြစ်ပွားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.