ပြိုင်ပွဲများဖြင့် စည်ကားနေမည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်း
ကိုဌေး (ကနောင်)
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄
ရက်သည် အမိမြန်မာနိုင်ငံတော်၏ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခါသမယပင် ဖြစ်ပါသည်။
(၇၅)နှစ်မြောက်သည့် စိန်ရတုလွတ်လပ်ရေးနေ့တွင် ပုံမှန်ကျင်းပမြဲဖြစ်သည့် လွတ်လပ်ရေးနေ့
အခမ်းအနားများထက် ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး နိုင်ငံတော်က စီမံဆောင်ရွက်လျက်ရှိပါသည်။
စိန်ရတုလွတ်လပ်ရေးနေ့တွင်
ပြည်ထောင်စုဝန်ကြီးဌာနများ၏ စစ်ရေးပြစစ်ကြောင်းများ၊ ဝန်ကြီးဌာနများနှင့် ပြည်နယ်နှင့်
တိုင်းဒေသကြီးများ၏ ဂုဏ်ပြုယာဉ်များက ဗိုလ်ရှုခံရင်ပြင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံ တော်ဝန်ကြီးချုပ်အား ချီတက်အလေးပြုကြမည် ဖြစ်ပါသည်။ ၎င်းအပြင် ပြည်ထောင်စုဝန်ကြီးဌာန
အလိုက် ပြခန်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဂုဏ်ပြုယာဉ်များ၊ တိုင်းဒေသကြီးနှင့်
ပြည်နယ်များ၏ ရိုးရာအစားအသောက်များနှင့် ဒေသထွက်ကုန်များအား ခင်းကျင်းပြသရောင်းချမည့်
အစီအစဉ်များကိုလည်း ဥပ္ပါတသန္တိစေတီတော် မြတ်ကြီး၏တောင်ဘက် တပေါင်းကွင်းအတွင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ထို့အပြင် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများနှင့်
တိုင်းဒေသကြီး နှင့် ပြည်နယ် (အလွတ်တန်းဖိတ်ခေါ်) အားကစား ပြိုင်ပွဲများကိုလည်း
ဝဏ္ဏသိဒ္ဓိ Sport Complex အတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွား မည်ဖြစ်ပါသည်။
လွတ်လပ်ရေးနေ့အထိမ်းအမှတ်
ကျင်းပမည့် အားကစားပြိုင်ပွဲများ
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို
ဂုဏ်ပြုကြိုဆိုသောအားဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲများကိုလည်း
ဝဏ္ဏသိဒ္ဓိ Sport Complex အတွင်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ
၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။ ပြိုင်ပွဲများအား အမျိုးအစားနှစ်မျိုး
ခွဲခြား ကျင်းပပေးသွားမည်ဖြစ်ပြီး ပထမတစ်မျိုးမှာ ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများဖြစ်ပြီး
ဒုတိယတစ်မျိုးမှာ တိုင်းဒေသကြီးနှင့် ပြည်နယ် (အလွတ်တန်းဖိတ်ခေါ်) အားကစားပြိုင်ပွဲများ
ဖြစ်ပါသည်။
ဝန်ကြီးဌာနပေါင်းစုံပြိုင်ပွဲများ
ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများအဖြစ်
ဘော်လီဘော (ကျား/မ) ပြိုင်ပွဲကို ဒီဇင်ဘာ ၁၄ ရက်မှ ၂၇ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ
(B) တွင်လည်းကောင်း၊ ဘောလုံး (ကျား)ပြိုင်ပွဲကို ဒီဇင်ဘာ ၁၆ ရက်မှ ၃၀ ရက်အထိ ဝဏ္ဏသိဒ္ဓိ
ကွင်းနှင့် လေ့ကျင့်ရေးကွင်း(၁/၃)တို့တွင်လည်း ကောင်း၊ ပိုက်ကျော်ခြင်း(ကျား) ပြိုင်ပွဲကို
ဒီဇင်ဘာ ၁၉ ရက်မှ ၂၈ ရက်အထိ လက်ဝှေ့ပြိုင်ပွဲရုံ တွင်လည်းကောင်း၊ ဖူဆယ် (ကျား)ပြိုင်ပွဲကို
ဒီဇင်ဘာ ၂၀ ရက်မှ ၂၉ ရက်အထိ ဖူဆယ် ပြိုင်ပွဲရုံတွင်လည်းကောင်း၊ လွန်ဆွဲ(ကျား/မ)ပြိုင်ပွဲကို
ဒီဇင်ဘာ ၃၀ ရက်မှ ဇန်နဝါရီ ၄ ရက်အထိ လေ့ကျင့်ရေးကွင်း(၃)တွင်လည်း ကောင်း၊ ထုပ်ဆီးတိုး(မ)ပြိုင်ပွဲကို
ဒီဇင်ဘာ ၃၁ ရက်မှ ဇန်နဝါရီ ၄ ရက်အထိ လေ့ကျင့်ရေးကွင်း(၁)နှင့်(၃)ကြားတွင်လည်းကောင်း၊
အပြေး (ကျား/မ) ပြိုင်ပွဲ မီတာ ၁၀၀၊ ၂၀၀၊ ၄၀၀၊ ၈၀၀ ကို ဇန်နဝါရီ ၄ ရက်တွင် လေ့ကျင့်ရေးကွင်း(၁)တွင်လည်းကောင်း
ကျင်းပသွားမည်ဖြစ်သည်။
တိုင်းဒေသကြီးနှင့်
ပြည်နယ် (အလွတ်တန်းဖိတ်ခေါ်)ပြိုင်ပွဲများ
တိုင်းဒေသကြီး/ပြည်နယ်
(အလွတ်တန်း ဖိတ်ခေါ်) ပြိုင်ပွဲများအဖြစ် ဘော်လီဘော (ကျား/မ)ပြိုင်ပွဲကို ဒီဇင်ဘာ ၅
ရက်မှ ၁၃ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)တွင်လည်းကောင်း၊ U-18 ဘောလုံး(မ) ပြိုင်ပွဲကို
ဒီဇင်ဘာ ၅ ရက်မှ ၁၉ ရက်အထိ ဝဏ္ဏသိဒ္ဓိကွင်းနှင့် လေ့ကျင့်ရေးကွင်း (၁/၃) တို့တွင်လည်းကောင်း၊
ပိုက်ကျော်ခြင်း (ကျား)ပြိုင်ပွဲကို ဒီဇင်ဘာ ၂၉ ရက်မှ ဇန်နဝါရီ ၂ ရက်အထိ လက်ဝှေ့ပြိုင်ပွဲရုံတွင်
လည်းကောင်း၊ ဂေါက်သီးရိုက် (ကျား) ပြိုင်ပွဲကို ဒီဇင်ဘာ ၂၄ ရက်မှ ၂၆ ရက်အထိ နေပြည်တော်
စည်ပင်ဂေါက်ကွင်းတွင်လည်းကောင်း၊ မြန်မာ့သိုင်း (ကျား/မ)ပြိုင်ပွဲကို ဒီဇင်ဘာ ၃၀ ရက်မှ
ဇန်နဝါရီ ၁ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B) တွင်လည်းကောင်း၊ U-25 ပြေးခုန်ပစ် (ကျား/မ)
ပြိုင်ပွဲကို ဒီဇင်ဘာ ၃၀ ရက် မှ ဇန်နဝါရီ ၃ ရက်အထိ ဝဏ္ဏသိဒ္ဓိကွင်းနှင့် လေ့ကျင့်ရေးကွင်း(၁)တွင်
လည်းကောင်း ကျင်းပသွားမည်ဖြစ်ပါသည်။
ထိုက်တန်သည့်ဆုကြေးများ
ချီးမြှင့်ပေးသွားမည်
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို
ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျင်းပပေးမည့် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများနှင့်
တိုင်းဒေသကြီးနှင့်ပြည်နယ် (အလွတ်တန်းဖိတ်ခေါ်) အားကစားပြိုင်ပွဲများကို သတ်မှတ်ကာလအတွင်း
ကျင်းပသွားမည်ဖြစ်ရာ ပြည်ထောင်စုဝန်ကြီး ဌာနများနှင့် တိုင်းဒေသကြီး / ပြည်နယ် ကိုယ်စားပြု
အားကစားအသင်းအဖွဲ့များအနေဖြင့် အောင်မြင်မှုရရှိရေး
ကြိုတင်ပြင်ဆင် စခန်းသွင်းလေ့ကျင့်စေလျက် ရှိနေကြပြီဖြစ်ပါသည်။ ပြိုင်ပွဲတွင်
အားကစားနည်းအလိုက် အောင်မြင်မှုရရှိကြသည့် အားကစား အသင်းအဖွဲ့များကို နိုင်ငံတော်အနေဖြင့်
ယခင်ကျင်းပသည့် အားကစားပြိုင်ပွဲများထက် ထိုက်တန်စွာ ဆုများချီးမြှင့်ပေးအပ်ရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်းလည်း
သိရပါသည်။
လွတ်လပ်ပျော်ရွှင်စွာ
လာရောက်အားပေးကြပါစို့
၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းနှင့်
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစား ပြိုင်ကွင်းအတွင်း ကျင်းပမည့် အားကစားပြိုင်ပွဲများတွင်
အားပေးသည့် ပရိသတ်များ၊ အားကစားနည်းအလိုက် ပြိုင်ပွဲဝင်ကြမည့် အားကစားသမားများဖြင့်
စည်ကားနေတော့မည်ဖြစ်ရာ အားကစားဝါသနာပါသည့် မိဘပြည်သူများအနေဖြင့် မည်သူမဆို လွတ်လပ်စွာ
အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ပါကြောင်းနှင့် လာရောက်ကြည့်ရှုအားပေးကြ ပါရန်လည်း
တိုက်တွန်းနှိုးဆော် သတင်းကောင်း ပါးလိုက်ရပါကြောင်း … ။

No comments