တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ၄၄ ဦး ထပ်မံသေဆုံး

 


နိုဝင်ဘာ ၂၈

တောင်ကိုရီးယားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ၄၄ ဦး ထပ်မံသေဆုံးခဲ့ပြီး ယင်းရောဂါဖြင့် သေဆုံးသူပေါင်း ၃၀၄၁၃ ဦးရှိလာကြောင်း ကျန်းမာရေးအာဏာပိုင်များက ယနေ့တွင် ပြောကြားသည်။

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါကူးစက်ခံရသူ ၂၂၃၂၇ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ထိုရောဂါကူးစက်ခံရသူပေါင်း ၂၆၉၅၉၈၄၃ ဦး ရှိလာသည်ဟု သိရသည်။

လွန်ခဲ့သောရက်က ထိုရောဂါကူးစက်ခံရသူ ၄၇၀၂၈ ဦးရှိရာမှ ကူးစက်မှုအရေအတွက်လျော့ကျလာခြင်းဖြစ်ကြောင်း ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးအေဂျင်စီ ( ကေဒီစီအေ )က ပြောကြားသည်။

အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် ၅၃ ဦးသည် ပြည်ပပြန်ကူးစက်မှုဖြစ်ပြီး ကျန်ရှိသူများသည် ပြည်တွင်းကူးစက်မှုဖြစ်သည်ဟု ဖော်ပြထားသည်။

နိုင်ငံအတွင်း ပြည်ပပြန်ကူးစက်မှုပေါင်း ၇၁၃၀၀ ရှိလာသည်။ ထိုရောဂါကူးစက်ခံရမှုကြောင့် ကျန်းမာရေးအခြေအနေဆိုးရွားသူ ၄၉၁ ဦးရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.