ကိုယ်အင်္ဂါ မသန်စွမ်းသူများအတွက် အသက်မွေးမှုသင်တန်းများ လျှောက်ထားနိုင်
ရန်ကုန် နိုဝင်ဘာ
၂၈
လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်း သက်ကြီးသင်တန်းကျောင်း
(ရန်ကုန်) တွင် အသက် (၁၈) နှစ်မှ (၄၅) နှစ်အတွင်းရှိ ကိုယ်အင်္ဂါ မသန်စွမ်းသူများအတွက်
(၃) လသင်တန်းများဖြစ်သည့် စက်ချုပ်သင်တန်း၊ တံဆိပ်ရိုက်သင်တန်း၊ ဓာတ်ပုံသင်တန်း၊
ဆံသ သင်တန်း၊ ကွန်ပျူတာသင်တန်းများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်၌ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်သည်။
အဆိုပါသင်တန်းများသို့
တက်ရောက်လိုသူများသည် အမှတ်(၆၅)၊ ကျိုက်ဝိုင်းဘုရားလမ်း၊ လူမှုဝန်ထမ်းအတတ်သင် သိပ္ပံကျောင်းဝင်းအတွင်း၊
မသန်စွမ်း သက်ကြီးသင်တန်းကျောင်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊
ဖုန်း ၀၁-၉၆၆၁၇၂၊ ၀၉-၂၅၀၄၀၂၃၉၂ နှင့် ၀၉-၄၂၁၁၁၀၈၆၇ သို့ (ရုံးချိန်အတွင်း)
ဆက်သွယ်စုံစမ်းနိုင်ကြောင်းနှင့် သင်တန်းတက်ရောက်ခွင့် ရသူများအား
သင်တန်းတက်ရောက်နေစဉ် ကာလအတွင်း နေထိုင်ရေး၊ စားသောက်ရေးများ စီစဉ်ပေးပြီး
သင်ထောက်ကူပစ္စည်းများနှင့် နယ်မှလာရောက်သော သင်တန်းသား/ သင်တန်းသူများအတွက်
ရန်ကုန်မြို့သို့လာသော ခရီးစရိတ်နှင့် အပြန်ခရီးစရိတ်တို့ကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း
သိရသည်။
သတင်းစဉ်
No comments