ဘိုကလေး၌ ကလေးသူငယ်အခွင့်အရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြော




ဘိုကလေး နိုဝင်ဘာ ၂၃


ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ နိုဝင်ဘာ ၂၂ ရက်က ဖျာပုံခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘိုကလေးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍  ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင် သိရှိနားလည်ရေး အသိပညာပေး ဟောပြောပွဲကျင်းပသည်။


ဟောပြောပွဲတွင် ဖျာပုံခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးအေးကျော်က ကလေးသူငယ်များ၏ အခွင့်အရေးများ၊ မူးယစ်ဆေးဝါး၏ အန္တရာယ်များ၊ လူကုန်ကူးမှုပပျောက် စေရေးအတွက် လူကုန်ကူးခြင်းဆိုင်ရာ ဖြစ်စဉ်ဖြစ်ရပ်များ၊ မိုင်းအန္တရာယ်များအား စုံလင်စွာ အသိပညာပေး ဟောပြောခဲ့ပြီး ဘိုကလေးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသော်ထက်အောင်က သဘာဝဘေးအန္တရာယ်ဆိုင်ရာများအား အသိပညာပေး ဟောပြောခဲ့သည်။


ဟောပြောပွဲတွင် ကျောင်းသား ကျောင်းသူများနှင့်အတူ တာဝန်ရှိသူများမှ အပြန်အလှန် မေးခွန်းများ မေးမြန်းခြင်း၊ ဖြေဆိုခြင်း၊ ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ပြီး ကျောင်းသား ကျောင်းသူများအား အမှတ်တရ လက်ဆောင်များနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)

No comments

Powered by Blogger.