မင်းဘူးမြို့၌ ဝူရှူးနှင့် ဘော်လီဘော အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြား
မင်းဘူး နိုဝင်ဘာ ၂၄
မြန်မာ့အားကစားလောက အဆင့်အတန်း ဖွံ့ဖြိုးတိုးတက်လာစေရေးကို အထောက်အကူဖြစ်စေရန်နှင့် နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဝူးရှူးနှင့် ဘော်လီဘော အားကစားသင်တန်း များကို မင်းဘူးမြို့ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အားကစားသင်တန်းကို နိုဝင်ဘာ ၈ ရက်မှ ၃၀ ရက်နေ့အထိ သင်ကြားပေးသွားမှာဖြစ်ပြီး ဝူရှူး အားကစားတွင် မူလတန်း ကျောင်းသား၊ ကျောင်းသူ (၉၀) ဦး၊ ဘော်လီဘော အားကစားတွင် အထက်တန်း ကျောင်းသား၊ ကျောင်းသူ (၃၅) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း မင်းဘူး(စကု)မြို့နယ် မြို့နယ် အားကစားမှူး ဒေါ်နှင်းနှင်းထံမှ သိရသည်။
ဇေယျာထက်(မင်းဘူး)
No comments