နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တရားမဝင်ကျွန်း စုစုပေါင်း (၁၂၇ ဒသမ ၆၃၈၉) တန် ဖမ်းဆီးရမိ



နေပြည်တော် နိုဝင်ဘာ ၂၉

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တရားမဝင်ကျွန်း စုစုပေါင်း (၁၂၇ ဒသမ ၆၃၈၉) တန် ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၁ ရက်မှ နိုဝင်ဘာ ၂၇ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း (၁၈ ဒသမ ၂၁၂၉) တန်၊ သစ်မာ (၂၁ ဒသမ ၃၀၄၄) တန်၊ အခြား (၈၈ ဒသမ ၁၂၁၆) တန်၊ စုစုပေါင်း (၁၂၇ ဒသမ ၆၃၈၉) တန်၊ ယာဉ်/ ယန္တရား (၁၂) စီး၊ တရားခံ (၂၄) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.