တနင်္သာရီတိုင်းဒေသကြီး၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနား ကျင်းပ






ထားဝယ် နိုဝင်ဘာ ၂၆


“အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေး အားလုံးပေါင်းစုလှုပ်ရှားပေး”ဟူသော ဆောင်ပုဒ်နှင့်အညီ ၂၀၂၂ ခုနှစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို နိုဝင်ဘာ ၂၅ ရက်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် အမှာစကား ပြောကြားပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဗီဒီယိုအား လည်းကောင်း၊ ထားဝယ်မြို့ မူလတန်းကြိုကျောင်းမှ ဝန်ထမ်းများက “မင်္ဂလာပါသီချင်း”နှင့် သရက်ချောင်းမြို့ မူလတန်းကြိုကျောင်းဝန်ထမ်းများက “ရဟယ်ရှင်သီချင်း”တို့ဖြင့် ဖျော်ဖြေတင်ဆက်ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်။ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။


တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.