အတိုက်အခံခေါင်းဆောင် အန်ဝါအီဘရာဟင် မလေးရှားဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆို
ကွာလာလမ်ပူ နိုဝင်ဘာ ၂၅
အတိုက်အခံခေါင်းဆောင် အန်ဝါအီဘရာဟင်သည် မြို့တော်ကွာလာလမ်ပူရှိ အမျိုးသားနန်းတော်၌ မလေးရှားနိုင်ငံ
ဝန်ကြီးချုပ်အဖြစ် ယနေ့ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။
အန်ဝါအီဘရာဟင်၏ Pakatan Harapan အတိုက်အခံညွန့်ပေါင်းအဖွဲ့သည် ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် အမတ်နေရာ အများစုကို
အနိုင်ရရှိခဲ့ကြောင်း သိရသည်။
အောက်လွှတ်တော်အမတ်များ၏ ထောက်ခံမှုရရှိရန်
ညွန့်ပေါင်းအဖွဲ့နှစ်ဖွဲ့၏ ခေါင်းဆောင်များ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ပြီးနောက် မလေးရှားဘုရင်က
အန်ဝါအီဘရာဟင်အား ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။
အသက် ၇၅ နှစ်အရွယ်ရှိ အန်ဝါအီဘရာဟင်သည်
စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး နိုင်ငံရေး မတည်ငြိမ်မှုများကြားတွင် ဆယ်စုနှစ်တစ်ခုနီးပါး
အကျဉ်းကျခံခဲ့ရသည်။
အန်ဝါအီဘရာဟင်သည် ဝန်ကြီးချုပ် မဟာသီယာ
မိုဟာမက်လက်ထက် ၁၉၉၀ ပြည့်လွန်နှစ်များတွင် ဒုတိယ ဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ်
တာဝန်ထမ်းဆောင်ခဲ့သည်။ စီးပွားရေးအစီအမံများနှင့်ပတ်သက်၍ အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက်
၎င်းအားရာထူးမှ ဖယ်ရှားခဲ့သည်။
နောက်ပိုင်းတွင် အန်ဝါအီဘရာဟင်သည် စွဲချက်များစွာဖြင့်
ထောင်ချခံခဲ့ရပြီး စွပ်စွဲမှုများကို အမြဲမပြတ် ငြင်းဆိုခဲ့သည်။
၂၀၁၈ ခုနှစ်တွင် အတိုက်အခံ ကိုယ်စားလှယ်လောင်းများအဖြစ်
အန်ဝါအီဘရာဟင်နှင့် မဟာသီယာ မိုဟာမက်တို့ ထပ်မံပူးပေါင်းခဲ့ပြီး မလေးရှားနိုင်ငံ၏ ပထမဆုံးသော နိုင်ငံရေးအပြောင်းအလဲကို ဖော်ဆောင်ခဲ့သည်။
အန်ဝါအီဘရာဟင်၏ ညွန့်ပေါင်းအဖွဲ့နှင့်
အခြားနိုင်ငံရေး ပါတီများသည် မည်သို့ပူးပေါင်း ဆောင်ရွက်သွားမည်လဲဆိုသည်နှင့် နိုင်ငံရေးတည်ငြိမ်မှုအပေါ်
နိုင်ငံသားများက မျှော်လင့်စောင့်ဆိုင်းခြင်းရှိ၊ မရှိအပေါ် ဆက်လက်စောင့်ကြည့်သွားရမည်ဖြစ်ကြောင်း
နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်
No comments