၂ဝ၂၂ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား(ခ)အဆင့် ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားနေမှုအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေး
နေပြည်တော် နိုဝင်ဘာ ၂၃
၂ဝ၂၂ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား(ခ)အဆင့် ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲ ပွဲစဉ်အဖြစ် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုဘောလုံးအသင်းနှင့် အရှေ့တောင်တိုင်းစစ်ဌာနချူပ်ကိုယ်စားပြု ဘောလုံးအသင်းတို့သည် ယနေ့ညနေပိုင်းတွင် ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးသည်။
အဆိုပါအားကစားပြိုင်ပွဲသို့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။
အဆိုပါ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား(ခ)အဆင့် ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုဘောလုံးအသင်းနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုဘောလုံးအသင်းတို့သည် ဗိုလ်လုပွဲသို့တက်ရောက်လာကြသည့် အသင်းများဖြစ်သည်နှင့်အညီ တစ်ဖက်နှင့်တစ်ဖက် အကြိတ်အနယ် အပြန်အလှန်ဖိအားပေး ယှဉ်ပြိုင်ကစားကြပြီး ပွဲကစားချိန် ၈၇ မိနစ်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းက ဂိုးရရှိခဲ့ကာ အရှေ့တောင်တိုင်းစစ်ဌာချုပ်အသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
အလားတူ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများဖြစ်သည့် လက်ဝှေ့ပြိုင်ပွဲကို နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ တပ်နယ်အားကစားခန်းမ၌ ကီလိုအလိုက်လူသစ်တန်းပွဲစဉ် လက်ဝှေ့ပြိုင်ပွဲများကိုလည်းကောင်း၊ တိုက်ကွမ်ဒိုပြိုင်ပွဲကို ဇေယျာသီရိအားကစားရုံ(A)၌ (ဂ)အဆင့် ဘင်တန်ဝိတ်တန်း၊ (ခ)အဆင့် ဘင်တန်ဝိတ်တန်း၊ (ဂ)အဆင့် ဖယ်သာဝိတ်တန်း၊ (ဂ)အဆင့် ဘင်တန်ဝိတ်တန်း၊ (ခ)အဆင့် ဘင်တန်ဝိတ်တန်း၊ (ဂ)အဆင့် ဖယ်သာဝိတ်တန်း၊ (ခ)အဆင့် ဖယ်သာဝိတ်တန်း၊ (က)အဆင့် ဖယ်သာဝိတ်တန်း၊ (ဂ)အဆင့် ဘင်သာဝိတ်တန်း၊ (ခ) အဆင့် ဘင်တန်ဝိတ်တန်း၊ (က)အဆင့် ဘင်တန်ဝိတ်တန်း၊ (ဂ)အဆင့်ဖယ်သာ ဝိတ်တန်း၊ (ခ)အဆင့်ဖယ်သာဝိတ်တန်း ဆီးမီးဖိုင်နယ်ပွဲစဉ်များနှင့် (က)အဆင့် တစ်ဦးချင်းကကွက်၊ (က)အဆင့်အသင်းလိုက်ကကွက် ပြိုင်ပွဲများကိုလည်းကောင်း၊ မြန်မာ့သိုင်းပြိုင်ပွဲကို ဇေယျာသီရိအားကစားရုံ(C)၌ အတိုက်ပြိုင်ပွဲမှ ဗန်တိုအတိုက်ပြိုင်ပွဲ၊ ပန်ကြပ်ဆီလပ်အတိုက်ပြိုင်ပွဲ၊ ဓားတစ်လက်အတိုက်ပြိုင်ပွဲ၊ ဓားနှစ်လက်အတိုက်ပြိုင်ပွဲ၊ တပ်မတော်လက်ရေးပညာ စဉ်စွမ်းရည်ပြပြိုင်ပွဲများကိုလည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး တစ်ဦးချင်းဆုရရှိကြသည့် အားကစားသမားများကို တပ်မတော်အရာရှိကြီးများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments