ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း

 



နေပြည်တော် နိုဝင်ဘာ ၂၃ 


ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။


ထိုသို့  ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ သာသနာ့ ပါလဓမ္မရိပ်သာ(မြိတ်)ကျောင်းတိုက်၊  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ မြို့မရွှေကြာရုံ ပရိယတ္တိ စာသင်တိုက်၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ရှိ ဇောတိကာရုံကျောင်းတိုက်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ တောင်ညိုတောရကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်နှင့် လှိုင်မြို့နယ်ရှိ ဝါယာလက်ကျောင်းတိုက်၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့နယ်ရှိ ရွှေတောင်ပရိယတ္တိစာသင်တိုက်တို့သို့ ဆွမ်းဆန်တော် များကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ စန္ဒိမာရာမကျောင်းတိုက် နှင့်အောင်မြေသာစံမြို့နယ်ရှိ မတ္တရာကျောင်းတိုက်၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ သဒ္ဓမ္မ(ဂရု)ပုသိမ်ကျောင်းတိုက်၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ စတုဘုမ္မိကကျောင်းတိုက်၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ နောင်အင် ပရိယတ္တိစာသင်တိုက်နှင့် လားရှိုးမြို့နယ်ရှိ ရွှေလရောင်ကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကို လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။


(သတင်းစဉ်)














No comments

Powered by Blogger.