နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ရုရှားတပ်မတော် စစ်ဦးစီးချုပ်ရုံးအကြီးအကဲနှင့် ပထမ ဒုတိယ ကြည်းတပ်ဦးစီးချုပ် Colonel – General Kim Alexey Rostislavovich က လာရောက် ဂါရဝပြုတွေ့ဆုံ
နေပြည်တော် နိုဝင်ဘာ
၂၉
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်ထံ ရုရှားတပ်မတော် စစ်ဦးစီးချုပ်ရုံးအကြီးအကဲနှင့် ပထမ ဒုတိယ
ကြည်းတပ်ဦးစီးချုပ် Colonel – General
Kim Alexey Rostislavovich က ယနေ့နံနက်ပိုင်းတွင်
နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌
လာရောက်ဂါရဝပြု တွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှဒုတိယ
ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း နှင့် တပ်မတော်အရာရှိကြီးများ
တက်ရောက်ကြပြီး ရုရှား တပ်မတော်စစ်ဦးစီးချုပ်ရုံး အကြီးအကဲနှင့်
ပထမ ဒုတိယ ကြည်းတပ်ဦးစီးချုပ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ
ရုရှားစစ်သံမှူး Colonel Sergey Kurchenko နှင့် ရုရှား တပ်မတော် အရာရှိကြီးများ တက်ရောက်ကြသည်။
အမြင်ချင်းဖလှယ် ဆွေးနွေး
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ တပ်မတော်
နှစ်ရပ်အကြား ကာကွယ်ရေးဆိုင်ရာ အပါအဝင် ပညာရေး၊
ကျန်းမာရေးနှင့် နည်းပညာပိုင်းဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် တိုးမြှင့်ဆောင်ရွက်သွားမည့်
အခြေအနေများ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက်
ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ ရုရှားနိုင်ငံသို့မြန်မာ့ တပ်မတော်သား
ပညာတော်သင်များ စေလွှတ်လျက်ရှိသည့် အခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုများ
တိုးမြှင့်ဆောင်ရွက်မည့် အခြေအနေများ၊ ရုရှားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် ယဉ်ကျေးမှုပြိုင်ပွဲနှင့်
တပ်မတော်အားကစား ပြိုင်ပွဲများတွင် မြန်မာ့တပ်မတော်မှ ပါဝင်ယှဉ်ပြိုင်ခဲ့မှုနှင့် အပြန်အလှန်
ဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား
စီးပွားရေးဆိုင်ရာနှင့် နည်းပညာပိုင်းဆိုင်ရာ
ပူးပေါင်း ဆောင်ရွက်မှုများတွင် မဟာဗျူဟာမြောက်ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊
ယနေ့ကမ္ဘာပေါ်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် နိုင်ငံတိုင်းက အလေးထား ဆောင်ရွက်လျက်ရှိမှုနှင့်
ယခုကဲ့သို့ မြန်မာ-ရုရှား နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းငြိမ်းချမ်းရေးနှင့်
ကမ္ဘာ့ငြိမ်းချမ်းရေးတို့ကိုပါ တစ်ဖက်တစ်လမ်းမှ
အထောက်အကူပြုနိုင်သည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်
ဆွေးနွေးခဲ့ကြသည်။
လက်ဆောင်ပစ္စည်းများပေးအပ်
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်
ရုရှားတပ်မတော် စစ်ဦးစီးချုပ်ရုံး အကြီးအကဲ
နှင့် ပထမ ဒုတိယ ကြည်းတပ် ဦးစီးချုပ်တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ
အပြန်အလှန် ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်


No comments