ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် ဂျပန်-မြန်မာ ယဉ်ကျေးမှု မြှင့်တင်ရေးအသင်း ဥက္ကဋ္ဌ Mr. Fumio USUI နှင့် အဖွဲ့ကို လက်ခံတွေ့ဆုံ
နေပြည်တော် နိုဝင်ဘာ ၂၉
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည်
ဂျပန်-မြန်မာ ယဉ်ကျေးမှုမြှင့်တင်ရေးအသင်း ဥက္ကဋ္ဌ Mr. Fumio USUI နှင့် အဖွဲ့ကို ယနေ့နံနက်ပိုင်းတွင်
နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် တိုင်းရင်းသားလူငယ်များ၏ အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာကိစ္စ၊
တိုင်းရင်းသား လူမျိုးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး
ရင်းနှီးပွင့်လင်းစွာ အမြင်ခြင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန်၊
ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်း အတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း
သိရသည်။
သတင်းစဉ်


No comments