၂၀၂၃ ခုနှစ် ဘတ်ဂျက်ဥပဒေကို အယ်လ်ဂျီးရီးယားသမ္မတ လက်မှတ်ရေးထိုး

 



အယ်လ်ဂျီးယား   ဒီဇင်ဘာ  ၂၇

 

အယ်လ်ဂျီးရီးယားသမ္မတ အက်ဒဲမက်ဂျစ် တဲဘော်နီသည် အယ်လ်ဂျီးရီးယားနိုင်ငံ မြို့တော်    အယ်လ်ဂျီးယား၌ ၂၀၂၃ ခုနှစ် ဘတ်ဂျက်ဥပဒေကို ဒီဇင်ဘာ  ၂၅  ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း တရားဝင် အေပီအက်စ် သတင်းအေဂျင်စီက ထုတ်ပြန်ထားသည်။

 

အဆိုပါဥပဒေတွင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန် ရည်ရွယ်သည့်အစီအမံများ ပါဝင်ပြီး     ယခုလအစောပိုင်း က လွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။ အဆိုပါဥပဒေတွင် ရေနံတစ်စည်လျှင် ရည်ညွှန်းဈေးနှုန်း မှာ အမေရိကန်ဒေါ်လာ ၆၀ နှင့် ဈေးကွက် ဈေးနှုန်းမှာ ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ ၇၀ သတ်မှတ် ထားကြောင်း အေပီအက်စ်က ထုတ်ပြန်ထားသည်။

 

လာမည့်နှစ်တွင် အယ်လ်ဂျီးရီးယားနိုင်ငံ၏ စီးပွားရေးသည် ၄ ဒသမ ၁ ရာခိုင်နှုန်း တိုးမြှင့်လာရန်     ခန့်မှန်းထားပြီး နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၅ ဒသမ ၁ ရာခိုင်နှုန်း ဝန်းကျင်ဖြစ်ရန်  ခန့်မှန်း ထားကြောင်း အဆိုပါဥပဒေအရ သိရသည်။

 

ဆင်ဟွာ

No comments

Powered by Blogger.