တရုတ်နိုင်ငံက ကမ္ဘာမြေစူးစမ်းလေ့လာရေးဂြိုဟ်တုသစ် လွှတ်တင်

 



ပေကျင်း ဒီဇင်ဘာ ၂

 

တရုတ်နိုင်ငံသည် ကမ္ဘာမြေ စူးစမ်းလေ့လာရေး ဂြိုဟ်တုသစ်တစ်လုံးကို တရုတ်နိုင်ငံ ရှန်ဇီပြည်နယ် မြောက်ပိုင်းရှိ တိုင်ယွန် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဒီဇင်ဘာ ၂၇ ရက် ပေကျင်းစံတော်ချိန် မွန်းလွဲ ၃ နာရီ ၃၇ မိနစ်အချိန်တွင် လွှတ်တင်ခဲ့ကြောင်း ယနေ့ဆင်ဟွာသတင်းတစ်ရပ်အရ သိရသည်။

 

အဆိုပါ Gaofen-11 04 အမည်ရှိ ကမ္ဘာမြေစူးစမ်းလေ့လာရေးဂြိုဟ်တုကို Long March-4B သယ်ဆောင်သည့်  ဒုံးပျံပေါ်မှ  လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး စီစဉ်ထားသည့် ပတ်လမ်းကြောင်းအတွင်းသို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။

 

ယင်းကမ္ဘာမြေစူးစမ်းလေ့လာရေးဂြိုဟ်တုကို မြေယာအရင်းအမြစ်များအား ကွင်းဆင်းစစ်ဆေးခြင်း၊ မြို့ပြစီမံကိန်း၊ လမ်းကွန်ရက်ဒီဇိုင်း၊ သီးနှံအထွက်နှုန်းခန့်မှန်း ချက်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်း စသည့်နယ်ပယ် အသီးသီးတွင် အသုံးပြုသွားရန် စီစဉ်ထားကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ၊

ဘာသာပြန်-အလင်းသစ်

No comments

Powered by Blogger.