လပွတ္တာခရိုင်၊ (၃)မိုင်မြို့ စက်မှုလက်မှုသင်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

 



လပွတ္တာ ဒီဇင်ဘာ ၂၈


နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုသင်တန်းကျောင်းတွင် သင်တန်းသားများအား သုတ ရသ စာအုပ် စာစောင်များ လေ့လာဖတ်ရှုပြီး စာပေအသိအမြင်များနှင့် အထွေထွေဗဟုသုတများ ရရှိတိုးပွား လာစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက သင်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ လပွတ္တာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်ဦးက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးစည်သူစိုးက မုန်တိုင်းဘေး၊ မီးဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေး၊ရေဘေး၊ ဆူနာမီဘေး စသည့် သဘာဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးတို့နှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့သည်။


အဆိုပါ အသိပညာပေးဟောပြောပွဲသို့ (၃)မိုင် စက်မှုလက်မှုသင်တန်းကျောင်းမှ ဆရာများနှင့် ကျောင်းသားအင်အား (၅၀) ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


လပွတ္တာ ခရိုင် (ပြန်/ဆက်)

No comments

Powered by Blogger.