နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားသို့ တက်ရောက်ကြမည့် ခေတ်အဆက်ဆက် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့ကြသော နိုင်ငံတော်အကြီးအကဲများနှင့် တပ်မတော်အရာရှိကြီးများ၏ မိသားစုဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်



နေပြည်တော်  ဒီဇင်ဘာ   ၃၁


၂၀၂၃ ခုနှစ်၊  ဇန်နဝါရီလ ၄ ရက်နေ့တွင်    ကျရောက်သည့် (၇၅)   နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့  ဂုဏ်ပြု အခမ်းအနားသို့   ပါဝင်တက်ရောက်ကြမည့် ခေတ်အဆက်ဆက် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံတော်အကြီးအကဲများနှင့် တပ်မတော်အရာရှိကြီးများ၏ မိသားစုဝင်များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့သည် ယနေ့နံနက်ပိုင်းတွင် ၎င်းတို့ ခေတ္တတည်းခိုနေထိုင်သည့် နေပြည်တော်ရှိ ဘုရင့်နောင်ဧည့်ရိပ်သာ၌ သွားရောက် တွေ့ဆုံ နှုတ်ဆက်သည်။


ထိုသို့    သွားရောက်တွေ့ဆုံ နှုတ်ဆက်ရာ  ဦးစွာ   နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့်   ဇနီးတို့အား      ခေတ်အဆက်ဆက် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံတော်အကြီးအကဲ များနှင့်   တပ်မတော်အရာရှိကြီးများ၏ မိသားစုဝင်များက ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြသည်။


ရင်းရင်းနှီးနှီး နှုတ်ဆက်

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည်   ခေတ်အဆက်ဆက် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံတော်အကြီးအကဲများနှင့် တပ်မတော်အရာရှိကြီးများ၏    မိသားစုဝင်များဖြစ်ကြသည့် ဦးနု၏ သမီး ဒေါ်သန်းသန်းနု၊ ဦးစန်းယု၏ သမီး ဒေါ်လဲ့လဲ့ယု၊ ဗိုလ်ချုပ်မှူးကြီး   စောမောင်၏ သား  ဦးသီဟစော၊  ဦးနေဝင်း၏ သမီး    ဒေါက်တာခင်စန္ဒာဝင်း၊ ဦးဗဆွေ၏သမီး ဒေါ်နေရည်ဗဆွေ၊ ဦးကျော်ငြိမ်း၏  သမီး  ဒေါ်ချိုချို ကျော်ငြိမ်း၊   ဒုတိယဗိုလ်ချုပ်ကြီး ထွန်းရီ၏သား   ဦးဇော်ထွန်းနှင့် ဦးစိန်လွင်၏  သမီး ဒေါက်တာ ချိုလွင်ဦးတို့အား တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ နေထိုင်စားသောက်မှု အခြေအနေများ၊ တစ်ဦးချင်းစီ၏ ကျန်းမာရေးအခြေအနေများနှင့် အခြားလိုအပ်ချက်များကို   မေးမြန်းအားပေး စကားပြောကြားပြီး  လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။                     

သတင်းစဉ်

No comments

Powered by Blogger.