နန္ဒာအောင်မြေကျောင်း ပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တနိမလ၏ နှစ်သစ်မင်္ဂလာဆုတောင်းပတ္ထနာ




၂၀၂၂ ကုန်ဆုံး၍ ၂၀၂၃ခုနှစ် နှစ်သစ်မင်္ဂလာ နှစ်ဦး အခါသမယမှာ မြန်မာပြည်သူ ပြည်သားအားလုံး/ ကမ္ဘာသူ၊  ကမ္ဘာသားအားလုံး   ချမ်းမြေ့သာယာ ဝဖြိုးသောသုခမင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ။


သဗ္ဗပါပဿ အကရဏံ

ကုသလဿ ဥပသမ္ပဒါ

သစိတ္တပရိယောဒပနံ

ဧတံ ဗုဒ္ဓါနသာသနံ


၁။        သဗ္ဗပါပဿ  အကရဏံ- မကောင်းသော အကုသိုလ်တရားတို့မှ ကင်းစင်သော မြန်မာနိုင်ငံ သူ၊  မြန်မာနိုင်ငံသားများ၊  ကမ္ဘာသူ၊ ကမ္ဘာသားများ ဖြစ်ကြပါစေ။


၂။        ကုသလဿဥပသမ္ပဒါ-ကောင်းသောကုသိုလ် တရားတို့နှင့် ပြည့်စုံသော မြန်မာနိုင်ငံသူ၊ မြန်မာ နိုင်ငံသားများ၊  ကမ္ဘာသူ၊  ကမ္ဘာသားများဖြစ်ကြပါစေ။


၃။        သစိတ္တပရိယောဒပနံ - ဖြူစင် မြင့်မြတ်သော စိတ်ထားတို့နှင့်  ပြည့်စုံသော   မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသားများ၊  ကမ္ဘာသူ၊  ကမ္ဘာသားများ ဖြစ်ကြပါစေ။


၄။        ဧတံ ဗုဒ္ဓါနသာသနံ - လောက၌ အတုမရှိသော အသန့်ရှင်းဆုံးသော မြတ်ဗုဒ္ဓ၏ ဓမ္မဩဝါဒ အဆုံး အမအောက်၌ ကောင်းကျိုးများထွန်းတောက်သော မြန်မာနိုင်ငံသူ၊  မြန်မာနိုင်ငံသားများ၊  ကမ္ဘာသူ၊ ကမ္ဘာသားများ ဖြစ်ကြပါစေ။


မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား။

ပြောပြုတွေးလျှင်၊ သတိယှဉ်၊ ဆင်ခြင်ဉာဏ်ရှေ့သွား။

အရာရာတွင် အသုံးဝင် အောင်မြင်ကြောင်းတရား

ဟူ၍   မြတ်ဗုဒ္ဓ၏   တရားတော်အတိုင်း  ပွားများအားထုတ်နိုင်ကြပါစေဟု    ဆုတောင်းပတ္ထနာ ပြုလိုက်ပါသည်။

No comments

Powered by Blogger.