ဖြူးမြို့နယ်၌ မြို့နယ်အဆင့်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးသင်တန်း ဖွင့်



ဖြူး  ဒီဇင်ဘာ   ၂၆


ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ဖြူးမြို့နယ်၌ မြို့နယ်(Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက စည်ပင်သာယာရေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးဇော်မျိုးနောင်က  သင်တန်းပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီးနှင့်ဖွင့်ပွဲသို့ မြို့နယ်အဆင့်ကြီးကြပ်မှုကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများနှင့်သင်တန်းသား/သင်တန်းသူများတက်ရောက်ကြကြောင်းသိရသည်။


အဆိုပါ သင်တန်း၌ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ရပ်ကျေးစာရေးများ၊ရာအိမ်မှူးများ၊ ကျောင်းဆရာ/ဆရာမများ စုစုပေါင်းသင်တန်းသား/သင်တန်းသူ(၃၀၀)တက်ရောက်ပြီးဖြူးမြို့နယ်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမတွင်မြို့နယ်အဆင့်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးဆိုင်ရာများအားပို့ချပေးသွားမည်ဖြစ်ရာ သင်တန်းကာလမှာ ဒီဇင်ဘာ ၂၆ ရက်မှ ၂၇ ရက်အထိ ဖြစ်ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)


No comments

Powered by Blogger.