အမေရိကန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း သန်း ၁၀၀ ကျော်ရှိလာ

 


ဒီဇင်ဘာ ၂၉

အမေရိကန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း သန်း ၁၀၀ ကျော်ရှိလာသည်ဟု အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာ (စီဒီစီ)၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံအတွင်း ဒီဇင်ဘာလ ၂၁ ရက်အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၀၀၂၁၆၉၈၃ ဦးရှိကြောင်း စီဒီစီက ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။

အမေရိကန်နိုင်ငံသည် ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်ရောဂါကူးစက်ခံရသူဦးရေ သန်း ၁၀၀ ကျော်ရှိသည့် ပထမဆုံးသောနိုင်ငံဖြစ်သည်။

နိုင်ငံတစ်ဝန်းတွင်  ထိုရောဂါကူးစက်မှုရှိမရှိအခြေအနေကို နေအိမ်မှာပင် စမ်းသပ်စစ်ဆေးကြပြီးနောက် စစ်ဆေးတွေ့ရှိချက်များကို သက်ဆိုင်ရာကျန်းမာရေးဌာနများသို့ ပေးပို့မှုမရှိကြသဖြင့် မြေပြင်ကူးစက်မှုအရေအတွက်သည် ပိုမိုများပြားမည်ဖြစ်ကြောင်း ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများက ပြောကြားသည်။

အမေရိကန်နိုင်ငံတွင် ကိုဗစ်ရောဂါကူးစက်မှုဖြစ်ပွားချိန်မှစတင်ကာ ထိုရောဂါဖြင့် သေဆုံးသူပေါင်း  ၁ ဒသမ ၀၈ သန်းကျော်ရှိသည်ဟု စီဒီစီ၏ဖော်ပြချက်အရသိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.