ရမ်းဗြဲမြို လူထုအခြေပြုဗဟိုဌာန၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်စာအုပ်စာစောင်နှင့် ဓာတ်ပုံပြပွဲပြုလုပ်ဆောင်ရွက်




ရမ်းဗြဲ ဒီဇင်ဘာ ၂၇


ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စာအုပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို ယနေ့နံနက်ပိုင်းစတင်ပြီး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြသဆောင်ရွက်သည်။


အဆိုပါစာအုပ်စာစောင်နှင့် ဓာတ်ပုံပြပွဲဆောင်ရွက်ရာတွင် ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရမ်းဗြဲမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်အောင်တင်ကြည်က ပြပွဲဆောင်ရွက်ရခြင်းရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


ပြပွဲတွင် သုတ/ရသ ၊ မဂ္ဂဇင်း၊ ဂျာနယ် ကလေးစာပေများ စသည့်စာအုပ်စာစောင်များပါဝင်ပြီး ဓာတ်ပုံများပြသရာတွင် လွတ်လပ်ရေးကြိုးပမ်းမှုကာလအတွင်း နိုင်ငံတော်ခေါင်းဆောင်များနှင့် ပြည်သူများ၏ ကြိုးပမ်းဆောင်ရွက်မှုများ၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာများနှင့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်များကို ဝေဝေဆာဆာဖြင့် ပြသဆောင်ရွက်ထားရှိသည်။


ထိုသို့ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာအုပ်စာစောင်နှင့် ဓာတ်ပုံပြပွဲဆောင်ရွက်ရာသို့ ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူများက စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။


အောင်နိုင် (ပြန်/ဆက်)

No comments

Powered by Blogger.