နိုင်ငံနှင့် ပြည်သူကို ကာကွယ်စောင့်ရှောက်



ဒီဇင်ဘာ   ၃၀၊   ၂၀၂၂


၂၀၂၀   ရွေးကောက်ပွဲ၌   မဲမသမာမှုကိုအကြောင်းပြု၍   CRPH၊ NUG  အကြမ်းဖက်အဖွဲ့များဖြစ်လာသည်။ CRPH၊ NUG အကြမ်းဖက်အဖွဲ့များ၏ သွေးထိုး မြှောက်ပင့်ထောက်ပံ့ပေးမှုဖြင့်  PDF  အမည်ခံ  အကြမ်းဖက်အဖွဲ့များ   ပေါ်ပေါက် လာပြီး  အကြမ်းဖက်ဖောက်ခွဲသတ်ဖြတ်မှုများပြုလုပ်ခဲ့ရာ  နိုင်ငံပိုင်၊  ပြည်သူပိုင် အဆောက်အအုံပစ္စည်းများ    ပျက်စီးဆုံးရှုံးပြီး  အပြစ်မဲ့ပြည်သူအမြောက်အမြား သေကျေပျက်စီးခဲ့ရသည်။


ဒီမိုကရေစီအရေး၊ ပြည်သူ့အရေးဟု ကြွေးကြော်ကာ ရဟန်းသံဃာများ၊ ဆရာ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်၊ နှိပ်စက်၊ လုယက်ဖျက်ဆီးခြင်းတို့ကို CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက် သမားအုပ်စုများက ဥပဒေမဲ့ကျူးလွန်နေကြသည်။ မြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်ကြသော    တိုင်းရင်းသားပြည်သူအချင်းချင်း     စိတ်ဝမ်းကွဲပြားအောင် ပြုလုပ်ကာ  နိုင်ငံသားအချင်းချင်း  နှိပ်စက်သတ်ဖြတ်မှုများ   ပြုလုပ်နေသည်မှာ ဝမ်းနည်းဖွယ်၊   စိတ်မကောင်းဖွယ်သာ ဖြစ်သည်။   အမှန်တကယ်တွင်   နိုင်ငံရေး အစွန်းရောက်များက ၎င်းတို့အာဏာရရှိရေးအတွက် ပြည်သူများအတွင်း ဝါဒမှိုင်း သွင်းကာ အဖျက်လုပ်ရပ်များဖန်တီးပေးခြင်းသည် လူမဆန်သော ရက်စက်ယုတ်မာ သည့် အကြမ်းဖက်လုပ်ငန်းစဉ်သာဖြစ်သည်။


နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့်  သာယာဝပြောရေးကို  နှောင့်ယှက် ဖျက်ဆီးမှုများအား  ဝိုင်းဝန်းဆန့်ကျင်  တိုက်ဖျက်ကြရမည်သာဖြစ်သည်။ နိုင်ငံ အတွင်း တည်ငြိမ်အေးချမ်းသာယာဝပြောမှုများအား နှောင့်ယှက်ဖျက်ဆီးနေသည့် အကြမ်းဖက်လုပ်ရပ်များကို  နိုင်ငံတော်အစိုးရက  ရှင်းလင်းဖယ်ရှားတိုက်ဖျက် နှိမ်နင်းလျက်ရှိရာ အကြမ်းဖက်မှုများ တစ်စတစ်စ လျော့ပါးသွားပြီဖြစ်သော်လည်း အကြမ်းဖက်ဖျက်ဆီးနှောင့်ယှက်သူများမှာ ပြည်သူများကြားတွင် ရှိနေဆဲဖြစ်၍ အမြစ်ပါမကျန် ပပျောက်သွားစေရန် ဝိုင်းဝန်းပူးပေါင်းလက်တွဲ ဆောင်ရွက်ကြရမည် ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုတိုးတက်ကောင်းမွန်လာရေးအတွက် နိုင်ငံသူ နိုင်ငံသားများ စည်းလုံးညီညွတ်မှု သည် အရေးအကြီးဆုံးအချက်ဖြစ်သည်။


ပြည်သူများအနေဖြင့် မိမိနိုင်ငံ သာယာဝပြောရေးနှင့် တိုးတက်လာရေးကို လိုလားကြသည်မှာ စိတ်ရင်းအမှန်ဖြစ်သည်။ မိမိနိုင်ငံ ပျက်စီးရာပျက်စီးကြောင်းကို အားပေးပြုလုပ်လျှင် မိမိနိုင်ငံကို ချစ်ရာမရောက်ဘဲ မိမိတို့ပြည်သူများသာ ထိခိုက် နစ်နာမှုများဖြစ်စေသည်။ နိုင်ငံအတွင်း ခြိမ်းခြောက်၊ သတ်ဖြတ်၊ အဖျက်အမှောင့် လုပ်ဆောင်နေသည့် CRPH၊ NUG နှင့် PDF အကြမ်းဖက်သမားများကို အားပေးမှု၊ ထောက်ခံမှု၊ ကူညီထောက်ပံ့မှုများ မပြုလုပ်ခြင်းသည် မိမိတို့ ပြည်သူလူထုများ၏ အသက်အိုးအိမ်စည်းစိမ်များကို      အကာအကွယ်ပေးခြင်းလည်း     ဖြစ်သည်။ အကြမ်းဖက်သမားများနှင့် မသမာသူများသည် ပြည်သူများကြားတွင်ရှိနေတတ် သဖြင့် ၎င်းတို့ လက်နက်ခဲယမ်းများ ကိုင်တွယ်သယ်ဆောင်မှုနှင့် ၎င်းအကြမ်းဖက် အဖျက်သမားများ၏ လှုပ်ရှားမှုသတင်းများကို သက်ဆိုင်ရာသို့ လျှို့ဝှက်ပေးပို့ခြင်း သည် တိုင်းရင်းသားပြည်သူများအား ကာကွယ်ပေးခြင်းဖြစ်သည်။


နိုင်ငံတော်နှင့်နိုင်ငံသားများကို တတ်နိုင်သည့်ဘက်မှ တတ်နိုင်သလောက် ကာကွယ်ပေးခြင်းသည်  နိုင်ငံချစ်သည့်  နိုင်ငံသားကောင်းတစ်ယောက်  ဖြစ်ပေ သည်။  အကြမ်းဖက်သမားများ လှုပ်ရှားသွားလာလုပ်ကိုင်မှုများကို သတင်းပေးရာ တွင် သက်ဆိုင်ရာက လုံခြုံစိတ်ချမှုရှိအောင် လျှို့ဝှက်ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်။  ယခုအခါ  နိုင်ငံတော်အစိုးရသည်  ပြည်သူများလိုလားသည့် ဒီမိုကရေစီစနစ် တည့်မတ်ခိုင်မာရေးနှင့် တိုင်းပြည်သာယာဝပြောရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ  ထိုက်သင့်သည့်အောင်မြင်မှုများ  ရရှိနေပြီဖြစ်သည်။ စစ်မှန်သည့်   ပါတီစုံဒီမိုကရေစီစနစ်နှင့်   လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့ကို ခရီးရောက်စွာ   ဆောင်ရွက်နိုင်ပြီဖြစ်၍  CRPH၊ NUG  အကြမ်းဖက်အဖွဲ့များက မလိုလား   မရှုဆိတ်ဖြစ်နေကြပြီး  PDF   အမည်ခံ  အကြမ်းဖက်အဖွဲ့များအား မြှောက်ပင့်ထောက်ပံ့ပေးကာ အကြမ်းဖက်လုပ်ရပ်များ ပိုမိုလုပ်ဆောင်ရန် ကြိုးပမ်း အားထုတ်နေသည်ကို တွေ့ရသည်။


နိုင်ငံတော်အစိုးရအနေဖြင့် အကြမ်းဖက်အဖျက်သမားများကို အမြစ်ပါမကျန် တိုက်ဖျက်နှိမ်နင်းသွားမည်ဖြစ်ပြီး နိုင်ငံတော်က မျှော်မှန်းထားသည့် တိုင်းရင်းသား ပြည်သူများ၏   ဆန္ဒဖြစ်သော   ဒီမိုကရေစီစနစ်ကို   အခြေခံသည့်   ဖက်ဒရယ် ပြည်ထောင်စုကြီးဖြစ်ပေါ်လာအောင် ဆက်လက်တည်ဆောက်သွားမည်ဖြစ်သည်။ ပြည်သူများအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူများအား ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်နေသည့် CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ လှုပ်ရှားမှု များကို   သတင်းပေးပို့ခြင်းဖြင့်   မိမိနိုင်ငံနှင့်    မိမိပြည်သူများအား   ဝိုင်းဝန်းကူညီ ကာကွယ်ပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းအပ်ပါကြောင်း။    ။


ကြေးမုံ

No comments

Powered by Blogger.