နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဥက္ကဋ္ဌဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ၏ နှစ်သစ်ကူး ဩဝါဒကထာ
ဘုန်းဘုန်းအနေဖြင့် နှစ်သစ်ကူးမင်္ဂလာရှိ၍ ရောဂါတို့မှ ပျောက်ကင်းစေရန်အလို့ငှာ သိဒ္ဓိပေါက် ဘုရား ဂုဏ်တော် ၁၃ ပါး ဂါထာတော်ကို ဩဝါဒကထာအဖြစ် မိန့်ကြားလိုပါသည်-
သိဒ္ဓိပေါက် ဘုရားဂုဏ်တော် ၁၃ ပါး
အရဟံ ဗဟိအန္တဇယံ သုဂတံ
အမိတံ ဝိရဇံ လလိတံ အတုလံ။
စရဏံ တိဘဝူပသမံ ယမကံ၊
သုခဒံ သရဏံ ပဏမာမိ ဇိနံ။
(၁) အရဟံ - ပူဇော်အထူးကို ခံယူတော် မူထိုက်သော မြတ်စွာဘုရား ကို၊ အဟံ - တပည့်တော်သည်၊ ပဏမာမိ - ရှိခိုးပါ၏၊
(၂) ဗဟိအန္တဇယံ- အတွင်းအပရန်ကို အောင်မြင်သော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏၊
(၃) သုဂတံ -ကောင်းသော စကားကို ဆိုတော်မူသော မြတ်စွာ ဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏၊
(၄) အမိတံ -မနှိုင်းယှဉ်နိုင်သော တန်ခိုး ရှိတော်မူသော မြတ်စွာ ဘုရားကို၊ ပဏမာမိ-ရှိခိုး ပါ၏၊
(၅) ဝိရဇံ- ကိလေသာမြူ ကင်းတော် မူသော မြတ်စွာဘုရားကို၊ ပဏမာမိ - ရှိခိုးပါ၏၊
(၆) လလိတံ- တင့်တယ် သပ္ပာယ်တော် မူသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏၊
(၇) အတုလံ- အတုမရှိသော မြတ်စွာ ဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏၊
(၈) စရဏံ- အကျင့်စရဏနှင့် ပြည့်စုံ တော်မူသော မြတ်စွာဘုရား ကို၊ ပဏမာမိ-ရှိခိုးပါ၏၊
(၉) တိဘဝူပသမံ - ဘုံသုံးပါး၌ ကိလေသာမြူ ငြိမ်းအေးတော် မူသော မြတ်စွာဘုရားကို၊ ပဏမာ မိ-ရှိခိုးပါ၏၊
(၁၀) ယမကံ - ရေမီးအစုံ တံခိုးပြာဋိဟာနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ -ရှိခိုးပါ၏၊
(၁၁) သုခဒံ - ချမ်းသာအဝဝကို ပေးစွမ်း နိုင်သော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏၊
(၁၂) သရဏံ -ကိုးကွယ်အားထားရာ ဖြစ် သော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏၊
(၁၃) ဇိနံ -မာရ်ငါးပါးကို အောင်မြင် တော်မူသော မြတ်စွာဘုရား ကို၊ ပဏမာမိ-ရှိခိုးပါ၏၊
ဘုရားဂုဏ်တော်ပွားများသောသူသည် အစစ ဆောင်ရွက်သမျှကိစ္စတွေ ပြီးမြောက်သည်။ သိဒ္ဓိ ပေါက် တန်ခိုးရရှိပေသည်။ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သူအားလုံးနီးပါး ဘုရားရှင်၏ တန်ခိုးတော်ကြောင့် (ကိုဗစ်-၁၉)ရောဂါ ကမ္ဘာမှာ အနည်း ဆုံးလောက် ကင်းရှင်းကြပေသည်။ လူတိုင်းရွတ်ဖတ် ပွားများကြလျှင် မြန်မာနိုင်ငံ၌ ကိုဗစ်−၁၉ ရောဂါ လုံးဝပျောက်ကွယ်သွားမည်ဟု ယုံကြည်ပါသည်။ သို့အတွက် နှစ်သစ်ကူးမင်္ဂလာရှိ၍ ရောဂါဆိုးတို့မှ ပျောက်ကင်းသွားအောင် လူတိုင်းလူတိုင်း ဤသိဒ္ဓိပေါက်ဂါထာကို ရွတ်ဖတ်ကြပါဟု ဘုန်းဘုန်း တိုက်တွန်းနှိုးဆော် လိုက်ပါသည်။ ။
No comments