ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း နေပြည်တော်ရှိ အထူးကုဆေးရုံကြီးများသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်




နေပြည်တော် ဒီဇင်ဘာ ၂၇

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းတွင် သားဖွားမီးယပ်အထူးကုဆေးရုံကြီး(နေပြည်တော်)သို့ သွားရောက်၍ ပြင်ပလူနာဌာန၊ သားဖွားလူနာဆောင်၊ မီးယပ်လူနာဆောင်၊ သားဖွားခန်း၊ ခွဲစိတ်ခန်း၊ မွေးကင်းစ ကလေးလူနာဆောင်တို့ကို ကြည့်ရှုစစ်ဆေးပြီး ဆေးရုံအုပ်ချုပ်မှုဆောင်တွင် ဝန်ထမ်းများနှင့် တွေ့ဆုံ သည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မွေးကင်းစကလေးငယ်များ အသည်းရောင်အသားဝါကာ ကွယ်ဆေးထိုးနှံပေးရေးညှိနှိုင်းဆောင်ရွက်ရန်၊ လမ်းညွှန်ဆိုင်းဘုတ်များစနစ်တကျ တပ်ဆင်ထားရှိ ရန်၊ အရေးပေါ်သားဖွားမီးယပ်လူနာများကို (၂၄)နာရီ လက်ခံကုသမှုကို ဆက်လက် အားဖြည့်ဆောင် ရွက်ရန်၊ အထူးကုဆရာဝန်ကြီးများအနေဖြင့် ကုသရေးတာဝန်အပြင် သင်ကြားရေးတာဝန်ပူးတွဲ တာဝန်ယူဆောင်ရွက်ရန်တို့ကို မှာကြားကာ လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကလေးအထူးကုဆေးရုံကြီး-နေပြည်တော်သို့ သွားရောက်၍ ပြင်ပလူနာဌာန၊ ဆေးသိုလှောင်ရေးဌာန၊ ကလေးသွားနှင့်ခံတွင်း ပြင်ပလူနာဌာန၊ ကာကွယ်ဆေးထိုးဌာနနှင့် Cold Room၊ အတွင်းလူနာဆောင်များ၊ မွေးကင်းစကလေးကုသဆောင်၊  လူနာစောင့်တည်းခိုဆောင်တို့ကို ကြည့်ရှုစစ်ဆေးပြီး ဆေးဝါးများအလေအလွင့်မရှိအောင် စနစ် တကျသုံးစွဲရေး၊ ကလေးကျောက်ကပ်ဆေးကုဌာန တိုးချဲ့ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက် သွားရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အရိုးအထူးကုဆေးရုံကြီး-နေပြည်တော်သို့ သွားရောက်၍ အတွင်းလူနာဆောင်၊ ရောဂါရှာဖွေရေးဓာတ်ခွဲခန်း၊ CT/MRI များ၊ သွေးလှူဘဏ် တို့ကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လူနာများကုန်ကျစရိတ်သက်သာစေရေး အခမဲ့ဆေးကု သမှုနှင့် ဓာတ်ခွဲစစ်ဆေးမှုများ ညှိနှိုင်းပံ့ပိုးဆောင်ရွက်ပေးရန်၊ ဆေးရုံပတ်ဝန်းကျင်သန့်ရှင်းရေး အားဖြည့်ဆောင်ရွက်ရန်နှင့် အထူးကုဘာသာရပ်အလိုက် နည်းပညာဖလှယ်နိုင်ရေး ဆွေးနွေးပွဲများ ပုံမှန်ပြုလုပ်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။ 


(သတင်းစဉ်)


No comments

Powered by Blogger.