သမ္မတဟောင်း အီမြောင်ဘတ်အား တောင်ကိုရီးယားအစိုးရက အထူးလွတ်ငြိမ်းချမ်းသာခွင့်ပြု
ဆိုးလ်
ဒီဇင်ဘာ ၂၈
သမ္မတဟောင်း
အီမြောင်ဘတ်အား
တောင်ကိုရီးယားအစိုးရက အထူးလွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ပြီး ဒီဇင်ဘာ
၂၈ ရက်တွင်
အကျိုးသက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
၎င်းသည် အကျင့်ပျက်ခြစားမှုဖြင့် ထောင်ဒဏ် ၁၇ နှစ်
ချမှတ်ခံထား ရခြင်းဖြစ်သည်။ ကွန်ဆာဗေးတစ် အစိုးရကို ၂၀၁၃ ခုနှစ်အထိ ငါးနှစ်
ကြာ ဦးဆောင်ခဲ့သော အီမြောင်ဘတ်အပါအဝင် တောင်ကိုရီးယား အစိုးရက ဒီဇင်ဘာ ၂၇ ရက်တွင် လူပေါင်း
၁၃၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း သိရသည်။
၁၉၉၇ ခုနှစ်က ချန်ဒူဝမ်နှင့် နိုတေဝူး၊ ၂၀၂၁ ခုနှစ်က
ပတ်ဂွမ်ဟီးတို့ လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့ပြီးနောက် အီမြောင်ဘတ်သည်
လွတ်ငြိမ်းချမ်းသာခွင့်ရသည့် စတုတ္ထမြောက် သမ္မတဟောင်း ဖြစ်လာမည် ဖြစ်သည်။
အီမြောင်ဘတ်သည် လက်ရှိတွင် အသက် ၈၁ နှစ်ရှိပြီဖြစ်သည်။
အင်န်အိတ်ချ်ကေ
No comments