တောင်ကိုရီးယားနိုင်ငံ၏ ကုန်သွယ်ရေးလိုငွေပြမှု ၂၀၂၂ ခုနှစ်အတွင်း စံချိန်တင်

 



ဆိုးလ် ဇန်နဝါရီ ၂

 

တောင်ကိုရီးယားနိုင်ငံသည် ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ဈေးနှုန်း မြင့်တက်မှုအပါအဝင် ပို့ကုန်ထက်သွင်းကုန်ကသာ လျင်မြန်စွာ တိုးတက်လာခြင်းကြောင့် ကုန်သွယ်ရေးလိုငွေပြမှု စံချိန်တင် ခဲ့ကြောင်း အစိုးရ၏ ဇန်နဝါရီ ၁ ရက်တွင် ဖော်ပြသည့် အချက်အလက်များအရ သိရသည်။

 

၂၀၂၂ ခုနှစ်အတွင်း တောင်ကိုရီးယားနိုင်ငံ၏ ကုန်သွယ်ရေးလိုငွေပြမှုသည် အမေရိကန်ဒေါ်လာ ၄၇ ဒသမ ၂ ဘီလီယံရှိခဲ့ပြီး ၁၉၉၆ ခုနှစ်က တောင်ကို ရီးယားနိုင်ငံ၏ ကုန်သွယ်ရေးလိုငွေပြမှုသည် အမေရိ ကန်ဒေါ်လာ ၂၀ ဒသမ ၆ ဘီလီယံရှိခဲ့ကြောင်း ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနက ပြောကြားသည်။

 

တောင်ကိုရီးယားနိုင်ငံ၏ အဓိကစွမ်းအင်အရင်း အမြစ်သုံးမျိုးဖြစ်သည့် ရေနံစိမ်း၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေး တင်သွင်းမှုတန်ဖိုးသည် ၂၀၂၂ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၉၀ ဒသမ ၈ သန်း ရှိခဲ့ခြင်းကြောင့် စုစုပေါင်းသွင်းကုန်တန်ဖိုး၏ ၂၆ ဒသမ ၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

 

ဒီဇင်ဘာလအတွင်းကမူ တောင်ကိုရီးယားနိုင်ငံ၏ အဓိကစွမ်းအင်အရင်းအမြစ် သုံးမျိုးဖြစ်သည့် ရေနံစိမ်း၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေး တင်သွင်းမှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၂ ဘီလီယံ ရှိခဲ့ခြင်းကြောင့် ယမန်နှစ်အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက ၂၇ ဒသမ ၇ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း သိရသည်။

 

ထို့ပြင် တောင်ကိုရီးယားနိုင်ငံ၏ ရေနံဓာတုပစ္စည်း၊ မိုဘိုင်းဖုန်းစက်ပစ္စည်း၊ ကွန်ပျူတာနှင့် အိမ်သုံး ပစ္စည်းများ တင်ပို့မှုသည်လည်း သိသိသာသာ လျော့ကျမှုရှိခဲ့ကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ၊

ဘာသာပြန်-အလင်းသစ်

No comments

Powered by Blogger.