တောင်ကိုရီးယားနိုင်ငံ၌ မီးလောင်မှုကြောင့် လူ ၅၀၀ ခန့် ဘေးကင်းရာသို့ပြောင်းရွှေ့




ဇန်နဝါရီ ၂၀


တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ရှိ မြို့စွန်တဲစု ( ယာယီပြောင်းရွှေ့နိုင်သည့်အိမ်များရှိသည့်ဒေသ ) ဂါယောင်ကျေးရွာတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ယနေ့မနက်အစောပိုင်းက ဘေးလွတ်ရာသို့ရွှေ့ပြောင်းသူ ၅၀၀ ခန့်ရှိသည်ဟု ယွန်ဟပ်သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ သိရသည်။


အဆိုပါမီးလောင်ကျွမ်းမှုသည် ဒေသစံတော်ချိန် မနက် ၆ နာရီ ၂၇ မိနစ်ဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

မီးသတ်အာဏာပိုင်များက အိမ်ထောင်စု ၆၆၆ စုခန့်နေထိုင်သည့် ထိုကျေးရွာမှ လူ ၅၀၀ ခန့်အား ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့သည်ဟု သိရသည်။


ထိုမီးလောင်မှုကြောင့် ထိခိုက်သေဆုံးမှုကို အတည်မပြုရသေးသော်လည်း နေအိမ်အလုံး ၆၀ ခန့် မီးလောင်ကျွမ်း သွားသည်ဟု ယူဆရသည်။


ရဟတ်ယာဉ် ၁၀ စီး၊ ထိုဒေသတာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့နှင့်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် မီးငြှိမ်းသတ်ခဲ့ကြရာ ဒေသစံတော်ချိန် မနက် ၁၀ နာရီ ၁၀ မိနစ် ဝန်းကျင်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.