ဂျပန်နိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၇၂၆၄ ဦး ထပ်မံတွေ့ရှိ
ဖေဖော်ဝါရီ
ဂျပန်နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၇၂၆၄ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြထားသည်။
နိုင်ငံတစ်ဝန်းတွင် ထိုရောဂါကူးစက်ခံရမှုကြောင့် ၂၄၆ ဦး သေဆုံးခဲ့သည်ဟု ထိုဝန်ကြီးဌာနက ဆိုသည်။
မြို့တော်တိုကျိုတွင် ထိုရောဂါကူးစက်ခံရသူ ၄၈၆၂ ဦးရှိရာ ပြီးခဲ့သည့်သီတင်းပတ်ကူးစက်မှုမှ ၂၄၄၄ ဦး လျော့ကျခဲ့သည်ဟု သိရသည်။ ကူးစက်မှုအရေအတွက် လျော့ကျလာသည်မှာ ၁၄ ရက်ဆက်တိုက်ရှိကြောင်း ဖော်ပြထားသည်။
မြို့တော်တွင် ယင်းရောဂါဖြင့် သေဆုံးသူဦးရေ ၂၀ ရှိကြောင်း ထိုဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ထားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို
No comments