မြန်မာတို့သာ ဖြေရှင်းကြရမည့် မြန်မာ့ပြည်တွင်းအရေး



နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်  ရှင်သန်ထွန်းကားရေး အတွက် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပ နိုင်ရန်  အချိန်နှင့်တစ်ပြေးညီ  ကြိုးပမ်းဆောင်ရွက်လျက်ရှိ သည်။ ဤသည်မှာ ပြည်သူလူထု၏ ဆန္ဒအမှန်ကို အကောင် အထည်ဖော်ပေးနေခြင်းပင်ဖြစ်ပြီး စစ်မှန်၍ စည်းကမ်းပြည့်ဝ သော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပါ    ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်နေခြင်းလည်းဖြစ်သည်။


၂၀၂၀ ပြည့်နှစ်    ရွေးကောက်ပွဲတွင်   ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုကို အကြောင်းပြု၍ ဆက်လက်ဖြစ်ပေါ်လာခဲ့သည့် နိုင်ငံရေးအပြောင်းအလဲနှင့်    လက်နက်ကိုင်အကြမ်းဖက်  တိုက်ခိုက်သတ်ဖြတ်   ဖျက်ဆီးမှုများက   နောင်အနာဂတ် တွင်   ကျင်းပသွားကြရမည့်    ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများအတွက်  သင်ခန်းစာယူဖွယ်ပင်ဖြစ်ပြီး ဤကဲ့သို့သော ဖြစ်စဉ်မျိုး နောက်ထပ်မဖြစ်ပေါ်စေရန် အထူး သတိပြု     ဆောင်ရွက်သွားကြရန်လည်း     လိုအပ်သည်။  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ      နိုင်ငံတော် ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်က  မိမိတို့ အစိုးရအနေနှင့် တစ်နိုင်ငံလုံး အကြားအလပ်မရှိ အထွေထွေ ရွေးကောက်ပွဲကျင်းပပေးနိုင်ဖို့၊   မဲပေးကြမည့်   နိုင်ငံသား အားလုံး  မတရားမှုများမှ ကင်းဝေးစေဖို့ ကြိုးစားဆောင်ရွက် လျက်ရှိကြောင်း    (၇၅)  နှစ်မြောက်   စိန်ရတုလွတ်လပ်ရေးနေ့ မိန့်ခွန်းတွင်   ထည့်သွင်းပြောကြားခဲ့ရာ  အဖျက်အမှောင့်၊   အနှောင့်အယှက်၊  အပိတ်အဆို့၊ အတားအဆီးများ မည်သို့ပင် ရှိစေကာမူ  စစ်မှန်၍   စည်းကမ်းပြည့်ဝသည့်   ပါတီစုံဒီမိုကရေစီ    အထွေထွေရွေးကောက်ပွဲကို   အောင်မြင်စွာ  ကျင်းပနိုင်ရေး အတွက် ပြည်သူ့ဆန္ဒနှင့်အညီ ပြည်သူ့အားဖြင့်  ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။


မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုနှင့် ပြည်တွင်း ပကတိအခြေအနေမှန်တို့ကို    ပြည်ပနိုင်ငံ၊    အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တို့အနေဖြင့် မှန်ကန်စွာ ရှုမြင်သုံးသပ်နိုင်ရန် လိုအပ် ပြီး      မြန်မာ့ပြည်တွင်းရေးကို      ဝင်ရောက်စွက်ဖက်ရာ ရောက်စေသည့် အပြုအမူဆောင်ရွက်ချက်မျိုးကို ရှောင်ရှား ရန်လည်း လိုသည်။ ဒီမိုကရေစီအရေးအတွက် အားပေးကူညီ ခြင်းဟု ဆိုသော်လည်း အကြမ်းဖက်အဖွဲ့များနှင့် လူပုဂ္ဂိုလ် များကို   အားဖြည့်ပေးပြီး  ပြည်တွင်း၌   ဖြစ်ပေါ်နေသည့် အကြမ်းဖက်တိုက်ခိုက်မှုများ၊  အပြစ်မဲ့အရပ်သားများနှင့် ဝန်ထမ်းများကို စွပ်စွဲသတ်ဖြတ်မှုများကို အရှိန်မြင့်လာအောင် မီးပေါင်မြှင့်ပေးလိုက်သည့်အဖြစ်မျိုး    မပြုလုပ်ရန်လည်း   သတိပြုကြသင့်သည်။


အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၁၁ ရက်နေ့  နံနက်ပိုင်း ပုံမှန်သတင်းထုတ်ပြန်ချက်ဖြင့် Annual Press Statement ကို နိုင်ငံခြားရေးဝန်ကြီးက ပြောကြားရာ တွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့မှု အပေါ်  မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက  “အာဆီယံ ပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များနှင့် အာဆီယံအခြေခံ မူများနှင့်အညီ  တိတိကျကျ လေးစားလိုက်နာရန်၊ မြန်မာ အစိုးရက   ကြေညာထားသည့်   မည်သည့်အကြမ်းဖက် အဖွဲ့များ၊ မတရားအသင်းများနှင့်မျှ ထိတွေ့ဆက်ဆံခြင်းမပြု ရန်” ထပ်လောင်းသတိပေးတိုက်တွန်းလိုက်ရာ အချုပ်အခြာ အာဏာပိုင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက် စွက်ဖက်မှုအပေါ်တွင် ပြည်သူလူထုကလည်း ဆန့်ကျင်ရှုတ်ချ သွားကြမည်သာဖြစ်ပါကြောင်း။        ။


မြန်မာ့အလင်း

No comments

Powered by Blogger.