မွန်ဂိုလီးယားနိုင်ငံ၌ ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံခြားခရီးသွားဦးရေ ၂၉၀၄၀၀ ရောက်ရှိ
ဇန်နဝါရီ ၁၀
မွန်ဂိုလီးယားနိုင်ငံတွင်
၂၀၂၂ ခုနှစ်အတွင်း ရောက်ရှိသည့်နိုင်ငံခြားခရီးသွားဧည့် ၂၉၀၄၀၀ ရှိကြောင်း သဘာဝ ပတ်ဝန်းကျင်နှင့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက
ယနေ့တွင် ပြောကြားသည်။
ခရီးသွားကဏ္ဍမှ အမေရိကန်ဒေါ်လာ
သန်း ၃၅၀ ဝင်ငွေရရှိခဲ့သည်ဟု ထိုဝန်ကြီးဌာနက ဆိုသည်။
ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုကြောင့်
၂၀၂၁ ခုနှစ်အတွင်း ခရီးသွားဧည့်ရောက်ရှိမှု ၃၃၀၀၀ သာရှိကြောင်း ထိုဝန်ကြီးဌာန၏ပြောကြားချက်အရ
သိရသည်။
မွန်ဂိုလီးယားနိုင်ငံသည်
ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုကြောင့် ထိခိုက်ခဲ့သည့် ခရီးသွားကဏ္ဍကိုမြှင့်တင်ရန်
အမျိုးမျိုးသောအစီအမံများလုပ်ဆောင်လျက်ရှိသည်။
နိုင်ငံပေါင်း ၃၄ နိုင်ငံမှ
နိုင်ငံသားများအား ၂၀၂၅ နှစ်ကုန်အထိ ရက်ပေါင်း ၃၀ ဗီဇာကင်းလွတ်ခွင့်ပြုခြင်းကို အစိုးရအဖွဲ့က
မကြာသေးမီက ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ခဲ့သည်။
မွန်ဂိုလီးယားနိုင်ငံက ၂၀၂၃
နှင့် ၂၀၂၄ ခုနှစ်တို့ကိုလည်း မွန်ဂိုလီးယားခရီးသွားနှစ်အဖြစ် ကြေညာထားပြီး ခရီးသွားကဏ္ဍမြှင့်တင်ရန်
၂၀၂၃ ခုနှစ်တွင် ပြပွဲပေါင်း ၉၀ ကျော်ပြသရန်စီစဉ်ထားသည်ဟု သိရသည်။
၂၀၂၄ ခုနှစ်တွင် ခရီးသွားလုပ်ငန်းမှ
အမေရိကန်ဒေါ်လာ တစ်ဘီလီယံဝင်ငွေရရှိရန်နှင့် နိုင်ငံအတွင်း ခရီးသွားဧည့်တစ်သန်းထက်မနည်း
ရောက်ရှိလာရန် ရည်မှန်းချက်ချမှတ်ထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments