စားသုံးကုန်သွယ် အကျိုးကြွယ်ဖို့ အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ တိုးမြှင့်စို့
အိအိချော (စားသုံးသူရေးရာဦးစီးဌာန)
ကမ္ဘာ့လူသားတိုင်း၏ ဘဝရပ်တည်မှုတွင်
အဓိက လိုအပ်ချက်သုံးရပ်ဖြစ်သည့် စားရေး၊ ဝတ်ရေး၊
နေရေး တို့အတွက် အသုံးပြုရသော အရာဝတ္ထုပစ္စည်းများ၊
စားသောက်ကုန်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၏ အရည်အသွေးသည် သုံးစွဲသူ
သို့မဟုတ် စားသုံးသူ များကို စိတ်ကျေနပ်မှုပေးနိုင်ရမည်။ အရည်အသွေးမီ အသုံးအဆောင်ပစ္စည်းများ၊
စားသောက်ကုန်များနှင့် ဝန်ဆောင်မှုများကို ရရှိနိုင်ခြင်းသည်ပင် အသက် ရှည်ကျန်းမာစေသော အကြောင်းတစ်ရပ်
ဖြစ်ပေသည်။
အရည်အသွေးဆိုသည်မှာ “ထုတ်ကုန်ပစ္စည်း
သို့မဟုတ် ဝန်ဆောင်မှုသည် စားသုံးသူ သို့မဟုတ် သုံးစွဲသူများ၏ လိုအပ်ချက်များနှင့် မျှော်လင့်ချက် များကို ဖြည့်ဆည်းပေးနိုင်သော
၎င်းတို့၏ကြန်အင် လက္ခဏာစု” ဖြစ်သည်ဟူ၍ တစ်မျိုး၊
အခြားအဓိပ္ပာယ် သတ်မှတ်ချက်အနေဖြင့် “စားသုံးသူများ၏မျှော်မှန်း ချက်အပြင် သက်ဆိုင်ရာအဖွဲ့အစည်းက
သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်ပါ
ကိုက်ညီမှုရှိပြီး နိုင်ငံတော်က အခါအားလျော်စွာ ပြဋ္ဌာန်းသည့် ဥပဒေ၊ နည်းဥပဒေများနှင့်ပါ အကျုံးဝင်သည့် ကုန်ပစ္စည်း သို့မဟုတ်
ဝန်ဆောင်မှု၏ ကြန်အင် လက္ခဏာစု” ဟူ၍လည်းတစ်ဖုံ
မှတ်သားခဲ့ဖူးပါသည်။
အရည်အသွေးစီမံခန့်ခွဲမှု
အထက်ပါ အဓိပ္ပာယ်သတ်မှတ်ချက်များအရ ထုတ်ကုန်တိုင်း၊ ဝန်ဆောင်မှုတိုင်းသည်
အရည်အသွေးဟူသော ဝေါဟာရနှင့်ကင်းကွာ၍ မရနိုင်ပေ။ ထို့ပြင်စားသုံးသူ၏ သဘာဝအရလည်း ငွေကြေး တတ်နိုင်လျှင်တတ်နိုင်သလောက်
အရည်အသွေး မြင့်သည့်အရာများကိုသာ တိုးမြှင့်သုံးစွဲလိုကြသည်
ဖြစ်ရာ လုပ်ငန်းရှင်တိုင်းသည် ထိုအချက်ကို အလေး ထားပြီး မိမိတို့၏ထုတ်ကုန် သို့မဟုတ်
ဝန်ဆောင်မှုများကို အရည်အသွေးစီမံခန့်ခွဲမှုပြုလုပ်ကြရမည် ဖြစ်ပါသည်။
အရည်အသွေးစီမံခန့်ခွဲမှု
ဆောင်ရွက်ရခြင်း၏ အဓိကရည်ရွယ်ချက်များမှာ မိမိတို့၏ထုတ်ကုန်နှင့် ဝန်ဆောင်မှုများအား
အသုံးပြု၍ စိတ်ကျေနပ်မှုကို မြှင့်တင်ရန်နှင့် လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှု
သေချာစေရန်တို့ ဖြစ်ပါသည်။ ထို့ကြောင့် အရည်အသွေးစီမံခန့်ခွဲမှုလုပ်ငန်း၏ အစိတ်အပိုင်းလေးခုဖြစ်သည့် အရည်အသွေးပိုင်းဆိုင်ရာ
အစီအစဉ်ရေးဆွဲခြင်း (Quality Planning)၊ အရည်အသွေးထိန်းသိမ်းခြင်း (Quality
Control)၊ အရည်အသွေးဆိုင်ရာ အာမခံချက်ပေးခြင်း (Quality Assurance)နှင့် အရည်အသွေးဆိုင်ရာ
လိုအပ်ချက် များကို ဖြည့်ဆည်းဆောင်ရွက်ရာတွင် တိုးတက်မှု ရရှိစေရေးဆောင်ရွက်ခြင်း(Quality
Improvement)တို့ကို အချိတ်အဆက်မိမိဆောင်ရွက်ရန် လိုအပ်လှ ပါသည်။
အထက်ပါအတိုင်း အရည်အသွေးစီမံခန့်ခွဲမှုဆောင်ရွက်ခြင်းကို စနစ်တကျပြုလုပ်ထားပြီးသော
လုပ်ငန်းရှင်များသည် မိမိတို့၏ထုတ်ကုန်အပေါ် အရည်အသွေးပိုင်းအရ ယုံကြည်မှုရှိနေမည်ဖြစ်သော်
လည်း မိမိတို့ထုတ်ကုန်၏ အရည်အသွေးကို မိမိတို့ ကိုယ်တိုင်ထောက်ခံပြောဆိုရုံဖြင့် ဈေးကွက်တင်ပို့၍ မရနိုင်ပေ။ ဈေးကွက်သို့တင်ပို့သည့်အခါ
မိမိတင်ပို့ လိုသည့်ဈေးကွက် သို့မဟုတ် နိုင်ငံ၏အရည်အသွေး ပိုင်းဆိုင်ရာ သတ်မှတ်ချက်များနှင့်
ကိုက်ညီမှုရှိရန်က လည်း အရေးကြီးလှပေသည်။ နိုင်ငံတကာ၏
သတ်မှတ်ချက်၊ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီပါကြောင်းကို
သက်သေပြပေးနိုင်သည့် စမ်းသပ်စစ်ဆေးမှုများ၊ ထောက်ခံချက်များလိုအပ် လာမည်ဖြစ်ပါသည်။ ထိုအခါ အရည်အသွေးစီမံ ခန့်ခွဲမှုနယ်ပယ်(Quality
Management Sector)တစ်ခုလုံး ပါဝင်လာရမည်ဖြစ်ပါသည်။
အရည်အသွေး စီမံခန့်ခွဲမှုနယ်ပယ်တွင်
ပါဝင်သော အကြောင်းအရာများ
ကုန်သွယ်မှုနှင့် စားသုံးသူဘေးအန္တရာယ်
ကင်းရှင်းစေရေးတို့အတွက် အရည်အသွေးစီမံ ခန့်ခွဲမှုနယ်ပယ်တွင်
အဓိကပါဝင်သောအကြောင်း အရာများမှာ “အမျိုးသားအရည်အသွေးဆိုင်ရာ
အဆောက်အအုံ” (National Quality Infrastructure) တွင် အဓိကကျသော-
(က) စံချိန်စံညွှန်းသတ်မှတ်ခြင်း (Standardiza
-tion)
( ခ
) တိကျစွာတိုင်းတာခြင်း (Metrology)
( ဂ
) အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်း
(Conformity Assessment)
(ဃ) အသိအမှတ်ပြုခြင်း (Accreditation)
( င
) အရည်အသွေးထောက်ခံချက်ပြုရေးအဖွဲ့ အသိအမှတ်ပြုလက်မှတ်
ထုတ်ပေးခြင်း (Certification)တို့ဖြစ်ပါသည်။
အဆိုပါလုပ်ငန်းစဉ်များကို
သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနအောက်ရှိ သုတေသနနှင့် တီထွင် ဆန်းသစ်မှုဦးစီးဌာနက အခြားမိတ်ဖက်အဖွဲ့အစည်း
များနှင့်ပေါင်းစပ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
စံချိန်စံညွှန်းသတ်မှတ်ခြင်း လုပ်ငန်းစဉ်ကို ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရက
၂၀၁၄ ခုနှစ် ဇူလိုင် ၃ ရက်တွင် စံချိန်စံညွှန်းသတ်မှတ် ခြင်းဆိုင်ရာဥပဒေကို ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။ ယင်းဥပဒေအရ အမျိုးသားစံချိန်
စံညွှန်းကောင်စီ၊ စံချိန်စံညွှန်းလုပ်ငန်း ကော်မတီနှင့် စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီ များကိုလည်း ဖွဲ့စည်းထားခဲ့ပြီးဖြစ်ပါသည်။ နည်းပညာဆပ်ကော်မတီပေါင်း
၂၅ ခုရှိသည့်အနက် စိုက်ပျိုးရေး အခြေခံထုတ်ကုန် စံချိန်စံညွှန်းရေးဆွဲ ရေးနည်းပညာဆပ်ကော်မတီတွင်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူ ရေးရာဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ်က
ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ညွှန်ကြားရေးမှူးက အတွင်းရေးမှူးအဖြစ်လည်းကောင်း တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။
စံချိန်စံညွှန်းများတွင် ဆန္ဒအလျောက်လိုက်နာနိုင်သော စံချိန်စံညွှန်းများ (Voluntary Standards)နှင့် မဖြစ်မနေလိုက်နာရမည့် စံချိန်စံညွှန်းများ (Mandatory Standards) ဟူ၍ ရှိပြီး အမျိုးသားစံချိန်စံညွှန်းကောင်စီက မြန်မာစံချိန်
စံညွှန်းများကို ဆန္ဒအလျောက်လိုက်နာနိုင်သော စံချိန်စံညွှန်းများအဖြစ် ချမှတ်လျက်ရှိရာ
မြန်မာ စံချိန်စံညွှန်း ၇၅၆ ခုအား ဦးစားပေးကဏ္ဍအလိုက်
အတည်ပြုချမှတ်ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ စံချိန် စံညွှန်းများအနက် မိမိတို့နိုင်ငံတွင် မဖြစ်မနေလိုက်နာ ရန် လိုအပ်သောစံချိန်စံညွှန်းများကို
သက်ဆိုင်ရာ ဝန်ကြီးဌာနများက မဖြစ်မနေလိုက်နာရမည့် စံချိန် စံညွှန်းများအဖြစ် နည်းပညာဆိုင်ရာစည်းမျဉ်း
စည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက် (Technical
Regulation) များ ချမှတ်ရမည်ဖြစ်ပါသည်။
အမှန်စင်စစ် စံချိန်စံညွှန်းဆိုသည်ကား
နယ်ပယ်တစ်ခုတွင်ရှိသော သက်ဆိုင်ရာကဏ္ဍတစ်ခု၌ အနိမ့်ဆုံး သတ်မှတ်ချက်ကို ပြည့်မီစေရန်ရည်ရွယ်၍
သတ်မှတ်ထားသည်ဖြစ်ရာ ယင်းသတ်မှတ်ချက်ကို လိုက်နာဆောင်ရွက်သင့်ပေသည်။ ထိုသို့ဖြည့်ဆည်း
ဆောင်ရွက်ထားခြင်းဖြင့် မိမိတို့၏ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုသည် တတိယအဖွဲ့အစည်း အဖြစ် စစ်ဆေးသူ (Third Party)
များ၏ အရည် အသွေးကိုက်ညီမှု စစ်ဆေးခြင်းလုပ်ငန်းစဉ်များဖြစ်သော အရည်အသွေးပိုင်းဆိုင်ရာစုံစမ်းစစ်ဆေးခြင်း
(Inspection)၊ စမ်းသပ်စစ်ဆေးခြင်း (Testing)နှင့် စံဖြင့်တိုက်ဆိုင်စစ်ဆေးခြင်း
(Calibration) တို့ကို အောင်မြင်စွာဖြတ်ကျော်နိုင်ပြီး ၎င်းတို့ပေးအပ် သော အရည်အသွေးကိုက်ညီကြောင်း
သက်သေခံ လက်မှတ် (Certificate)ကို ရရှိနိုင်မည်ဖြစ်ပါသည်။
အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းလုပ်ငန်း
တွင်ပါဝင်သော စမ်းသပ်စစ်ဆေးခြင်း (Testing) ကို ဓာတ်ခွဲခန်းများက ဆောင်ရွက်ပေးလေ့ရှိပါသည်။ အဆိုပါစမ်းသပ်စစ်ဆေးသည့်
ဓာတ်ခွဲခန်းများအနေဖြင့်လည်း မိမိတို့ဝန်ဆောင်မှု ပြုရသော လုပ်ငန်းများအပေါ်တွင် လူအများလက်ခံယုံကြည်မှုရှိစေရန်နှင့်
မိမိတို့၏ ရလဒ်ကို ပြည်ပနိုင်ငံရှိ ဓာတ်ခွဲခန်းများကပါ လက်ခံမှုရှိစေရန်ရည်ရွယ်၍ နိုင်ငံတကာအသိအမှတ်
ပြုလက်မှတ် (ဥပမာ -ISO/IEC 17025: 2017) ကို ရယူထားရမည်ဖြစ်ပါသည်။ မိမိတို့နိုင်ငံရှိဓာတ်ခွဲခန်း များသည် စမ်းသပ်စစ်ဆေးခြင်းဆိုင်ရာ
နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ် (Accreditation on ISO/ IEC 17025: 2017) ရရှိထားခြင်းဖြင့်
ပြည်တွင်း လုပ်ငန်းရှင်များ၏ထုတ်ကုန်များကို အချိန်နှင့် ငွေကြေးသက်သာစွာဖြင့် စမ်းသပ်စစ်ဆေးပေးနိုင်မည်ဖြစ်သကဲ့သို့
စားသုံးသူဘေးအန္တရာယ်ကင်းရှင်း စေရန်နှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများတွင်ပါ အထောက်အကူ
ပြုစေနိုင်မည်ဖြစ်ပါသည်။
ကုန်သွယ်မှု ဝန်းကျင်ကောင်းတစ်ခု
ဖန်တီးပေးခြင်း
ဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးသော
မြန်မာနိုင်ငံအနေဖြင့် အခြားနိုင်ငံများကဲ့သို့ပင် ပို့ကုန် တိုးတက်ရေးအတွက် ဈေးကွက်ဝေစုပိုမိုရရှိရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အမျိုးသားပို့ကုန် မဟာ ဗျူဟာ
၂၀၂၀-၂၀၂၅ ကို ကဏ္ဍ ၁၈ ခုဖြင့် ဆက်လက်
အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ထိုမဟာဗျူဟာတွင်
အရည်အသွေး စီမံခန့်ခွဲမှုကဏ္ဍသည် ကုန်သွယ်မှုအထောက်အကူပြုကဏ္ဍများ၌ တစ်ခုအပါအဝင်ဖြစ်ပါသည်။
တစ်နည်းအားဖြင့် ဆိုရလျှင် အရည်အသွေးစီမံခန့်ခွဲမှု နယ်ပယ်ကို
အားကောင်းလာစေရန် ဆောင်ရွက်ခြင်းသည် ကုန်သွယ်မှု
ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပေးခြင်း
လည်းမည်ပေသည်။
ကုန်သွယ်မှုကဏ္ဍတွင် ဖွံ့ဖြိုးဆဲနိုင်ငံငယ်များ
ရင်ဆိုင်ကြုံတွေ့ရလေ့ရှိသော အခွန်အခမဟုတ် သည့် အတားအဆီးများ (Non-Tariff Barriers
or Non-Tariff Measures) အနက် တစ်ခုမှာ နည်းပညာ ဆိုင်ရာအတားအဆီး (Technical
Barrier) ပင်ဖြစ်ပါသည်။ ၎င်းမှာထုတ်ကုန်နှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် အစားအစာ ဘေးအန္တရာယ်
ကင်းရှင်းရေး(Food Safety)၊ တိရစ္ဆာန်နှင့် အပင်များတွင် ကူးစက်ရောဂါကင်းစင်ရေး
(Sanitary and Phyto Sanitary) တို့သာမက မဖြစ်မနေလိုက်နာရန် သတ်မှတ်ထားသော နည်းပညာဆိုင်ရာနှင့်
ဆန္ဒ အလျောက်လိုက်နာနိုင်သော စံချိန်စံညွှန်းများလည်း
ပါဝင်နေပေသည်။ ကုန်သွယ်မှုကဏ္ဍ၌ တရားမျှတမှုရှိပြီး ခွဲခြားဆက်ဆံမှုများကို တားဆီးနိုင်ရန်အတွက်
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ် (World Trade
Organization- WTO)တွင် SPS Agreement နှင့်
TBT Agreement များကို လက်မှတ်ရေးထိုးထား
ကြရသော်လည်း အချို့စမ်းသပ်စစ်ဆေးမှုရလဒ်များတွင် အခက်အခဲများရှိနေဆဲဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ အရည်အသွေးစီမံခန့်ခွဲမှု နယ်ပယ် ကို လေ့လာကြည့်မည်ဆိုလျှင် အရည်အသွေး
ကိုက်ညီမှုစစ်ဆေးခြင်း၌ စမ်းသပ်စစ်ဆေးခြင်း (Testing) အပိုင်း၏အဓိကဖြစ်သော ဓာတ်ခွဲခန်းများ
တွင် ဈေးကွက်မှ တောင်းဆိုသောစစ်ဆေးမှု
(Testing Parameter) များကို တိုးချဲ့ရန်၊ စမ်းသပ်စစ်ဆေးရာတွင် အသုံးပြုသော စက်ကိရိယာများ ခေတ်မီဆန်းသစ်မှုရှိရန်နှင့် နိုင်ငံတကာအသိအမှတ် ပြုလက်မှတ် (ISO Accreditation) ရယူထားရန်တို့ကို
ဖြည့်ဆည်းဆောင်ရွက်ရန် လိုအပ်လျက်ရှိပါသည်။ ထို့ပြင် ဓာတ်ခွဲခန်းပညာရှင်၊ ဝန်ထမ်း စသော လူသားအရင်းအမြစ် (Human Resource) ကိုလည်း တည်ဆောက်ကြရမည်ဖြစ်ပြီး
စဉ်ဆက်မပြတ် စေရန်လည်း ကြိုးပမ်းကြရမည် ဖြစ်ပေသည်။
အချုပ်အားဖြင့်ဆိုရလျှင်
မြန်မာနိုင်ငံတွင် အရည်အသွေးစီမံခန့်ခွဲမှု နယ်ပယ်တစ်ခုလုံး ခိုင်မာ အားကောင်း လာသည်နှင့်အမျှ
ခေတ်သစ်ကုန်သွယ်မှု၌ ဈေးကွက်အသစ်နှင့် ဝယ်လိုအားများသော ဈေးကွက်များ ဖန်တီးဖော်ဆောင်နိုင်မည်သာမက
စားသုံးသူယုံကြည်မှုလည်း ပိုမိုရရှိလာမည်ဖြစ်ပါသည်။ ထို့ပြင် နိုင်ငံ၏ တည်နေရာအနေအထား အရလည်း အိန္ဒိယ၊ တရုတ်ကဲ့သို့သော လူဦးရေ ပမာဏကြီးမားသည့်
အိမ်နီးချင်းနိုင်ငံများနှင့် ဆက်စပ်လျက်ရှိသောကြောင့်
အရည်အသွေး စီမံခန့်ခွဲမှုနယ်ပယ်ကို ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ပေးနိုင်ခြင်းဖြင့်
ပို့ကုန်လုပ်ငန်းရှင်များ ၏အခွင့်အလမ်းသစ်များနှင့် ပို့ကုန်ချဲ့ထွင်နိုင်စွမ်းများကို ပိုမိုဖြစ်ပေါ်စေနိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
No comments