(၇၅)နှစ်မြောက် စိန်ရတူ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟင်းသီးဟင်းရွက် သစ်သီးဝလံနှင့် ပန်းမန်ပြပွဲ၊ ပြိုင်ပွဲဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

 



ရန်ကုန်  ဇန်နဝါရီ ၂


(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ပြပွဲ၊ပြိုင်ပွဲဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံက်ပိုင်းတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ကန်တော်ကြီး သဘာဝဥယျာဉ် မဟာမြိုင်ကျွန်းရှိ ဆင်ဖြူတော်ရုပ်တု၌ ကျင်းပသည်။


အဆိုပါပြိုင်ပွဲကို ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်စိုက်ပျိုးခြင်းလုပ်ငန်းကို အများပြည်သူ စိတ်ပါဝင်စား လေ့လာနိုင်စေရန်၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်စိုက်ပျိုးရေး အဆင့်မြင့်နည်းပညာများကို အများပြည်သူလေ့လာနိုင်စေရန်၊ မျိုး ကောင်း မျိုးသန့်များ ပြန့်ပွားဖြန့်ဝေပေးနိုင်စေရန်နှင့် စိုက်ပျိုးထုတ်လုပ်သူများ၏ လူမှုစီး ပွား ဘဝဖွံ့ဖြိုး တိုး တက်လာစေရန်၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်များ စိုက်ပျိုး ထုတ်လုပ်ခြင်းမှ နိုင်ငံတော်၏ စီးပွားဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်စေရန် ရည် ရွယ်ချက်များဖြင့်    ကျင်းပခြင်းဖြစ်သည်။ 


အခမ်းအနားသို့ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွှန့်ဝင်းဆွေနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ အကဲဖြတ်နာယကများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံပန်းဝါသနာရှင်အသင်းနှင့် မိတ်ဖက်အဖွဲ့အစည်းများ၊ သက်ဆိုင်ရာကော်မတီအသီးသီးမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများက အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။


ထို့နောက် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေက အဖွင့်အမှာ စကားပြောကြားပြီး တိုင်းမှူး၊ အစိုးရအဖွဲ့ဝင်များနှင့် ဧည့်သည်တော်များသည် ပြပွဲ၊ ပြိုင်ပွဲဝင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ပန်းမန်များနှင့် မြေယာရှုခင်းများကို ကြည့်ရှုအားပေးကြသည်။


မွန်းလွဲပိုင်းတွင် မြေပဒေသာကျွန်းရှိ Western Park ၌ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ပြပွဲ၊ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အမျိုး အစား၂၄ မျိုးမှ ဆုရရှိသူများကို ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဆုများပေးအပ်ချီးမြှင့်ကြသည်။


ဓာတ်ပုံ - ကနူး  - ညိမ်းသူ ( သတင်းစဉ်)





No comments

Powered by Blogger.