မိုင်းကိုင်မြို့နယ်၌ လယ်ယာသုံး လက်တွန်းထွန်စက်များကို အရစ်ကျငွေချေစနစ်ဖြင့် ရောင်းချပေး

 



မိုင်းကိုင် ဇန်နဝါရီ  ၂၃


ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမအသင်းစုတို့၏ ကြီးကြပ်မှုဖြင့် ရွှေလွိုင်လိုင်စိုက်ထွေသမအသင်းမှ လယ်ယာသုံးစက်ပစ္စည်း ကိရိယာများကို အရစ်ကျငွေချေစနစ်ဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်သမဝါယမဦးစီးဌာန၌ လက်တွန်းထွန်စက်များကို တောင်သူများထံ ရောင်းချပေးအပ်ခဲ့ကြောင်း သိရသည်။


ထိုသို့ ရောင်းချရာတွင် " your good brother ကုမ္ပဏီ" မှ ထုတ်လုပ်သော လယ်ယာသုံး လက်တွန်းထွန်စက်နှင့် အပိုပစ္စည်းများကို တစ်စီးလျှင် ငွေကျပ်သိန်းလေးဆယ်ဖြင့် ၂ နှစ် ၅ ရစ်ဆပ်စနစ်ဖြင့် ရောင်းချပေးရာ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းသိန်းရွှေ၊ မြို့နယ်သမအသင်းစု ဥက္ကဋ္ဌ ဦးကျော်ဦး၊ ရွှေလွိုင်လိုင်စိုက်ထွေသမအသင်း ဥက္ကဋ္ဌ ဦးနန္တီတို့က စက်ပစ္စည်းနှင့် စာရွက်စာတမ်းများကို တောင်သူလက်ဝယ်အရောက် ပေးအပ်ရောင်းချခဲ့သည်။


လယ်ယာသုံးစက်ပစ္စည်းကိရိယာများကို အရစ်ကျငွေချေစနစ်ဖြင့် ထပ်မံဝယ်ယူလိုသော တောင်သူများအား မိုင်းကိုင်မြို့နယ်ရှိ ရွှေလွိုင်လိုင်စိုက်ထွေသမအသင်းနှင့် ရွက်သစ်လယ်ထွေသမအသင်းများက အသင်းသားများအဖြစ် လက်ခံပြီး ချိတ်ဆက်ရောင်းချပေးလျက်ရှိ ကြောင်း သိရသည်။


ချော(မိုင်းကိုင်)




No comments

Powered by Blogger.