ဟုမ္မလင်း၌ မျိုစေ့အရည်အသွေးထိန်းသိမ်းခြင်း နည်းပညာပေးသင်တန်းဖွင့်လှစ်

 



ဟုမ္မလင်း ဇန်နဝါရီ  ၃


စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော မျိုးစေ့အရည်အသွေး ထိန်းသိမ်းခြင်း နည်းပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ဟုမ္မလင်းမြို့၊ စိုက်ပျိုးရေးဦးစီးဌာန ရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်က အဖွင့်အမှာစကား ပြောကြားပြီး၊ ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စုစုထွေးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရ သည်။


ဆက်လက်၍ သင်တန်းပို့ချရာတွင် စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးမျိုးစေ့ တာဝန်ခံ ဦးရဲမင်းလှက မျိုးစေ့အရည်အသွေးထိန်းသိမ်းခြင်းနှင့် ပတ်သက်၍ ပညာပေးသင်တန်း ပို့ချပေးခဲ့ပြီး၊ တက်ရောက်လာသော တောင်သူများက  သိရှိလိုသူများကို ပြန်လည်မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။


အဆိုပါအခမ်းအနားသို့  မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးမျိုးစေ့ တာဝန်ခံ ဦးရဲမင်းလှ၊ ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စုစုထွေးနှင့် ဝန်ထမ်းများ၊  ဌာနဆိုင်ရာအကြီးအကဲများ၊ ဟုမ္မလင်းမြို့နယ် အတွင်းရှိ တောင်သူများ စုစုပေါင်း(၅၅)ဦး တက် ရောက်ခဲ့ကြကြောင်းသိရသည်။


ဟုမ္မလင်း(ပြန်/ဆက်)

No comments

Powered by Blogger.