ဂျပန်ဧကရာဇ် သုံးနှစ်အတွင်း ပထမဆုံးအကြိမ် ပြည်သူများအား နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြား

 



တိုကျို ဇန်နဝါရီ ၃

 

ဂျပန်ဧကရာဇ် နာရူဟီတိုသည် သုံးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြည်သူများအား တိုကျိုမြို့ရှိ ၎င်း၏နန်းတော်မှ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

 

ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကို ကာကွယ်ရန် ဇန်နဝါရီ ၂ ရက်က ကျင်းပခဲ့သော အဆိုပါ အခမ်းအနားသို့ လူပေါင်း ၉၆ဝဝ ခန့်ကိုသာ တက်ရောက်ခွင့်ပြုခဲ့သည်။ တက်ရောက်ခွင့်ရရှိသူများကို မဲနှိုက်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

 

ဧကရာဇ်နှင့် ဧကရီမာဆာကိုတို့သည် နန်းတော်လသာဆောင်၌ ခြောက်ကြိမ်တိုင်တိုင် ထွက်ပေါ်လာခဲ့ပြီး ပြည်သူများကို လက်ဝှေ့ယမ်း နှုတ်ဆက်ခဲ့ကြသည်။

 

ဧကရာဇ်နှင့်  ဧကရီတို့၏ သမီးတော် အအိကိုသည်လည်း အဆိုပါအခမ်းအနားတွင် ပထမဆုံးအကြိမ် ပါဝင်ခဲ့သည်။ ကူးစက်ရောဂါနှင့် အခြားသော အကြောင်းအရာများကြောင့် လွန်ခဲ့သောသုံးနှစ်တာ ကာလတွင် ပြည်သူများ ဒုက္ခအခက်အခဲများ ကြုံတွေ့ခဲ့ရကြောင်း ဧကရာဇ်က ပြောကြားခဲ့သည်။

 

ပြည်သူများနှင့် ယခုကဲ့သို့ နှစ်ကူးကာလကို ဆင်နွှဲရသည့်အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရကြောင်းနှင့် ဂျပန်နိုင်ငံရှိ ပြည်သူများနှင့် ကမ္ဘာတစ်ဝန်းရှိ လူသားအားလုံး ပျော်ရွှင်စေရန် ဆုတောင်းကြောင်း ဧကရာဇ်က ပြောကြားလိုက်သည်။

 

အင်န်အိတ်ချ်ကေ

No comments

Powered by Blogger.